APM ၊ ဂျန်နဝါရီ ၂၄ / ၂၀၂၃
ရက္ခိုင်ပြည်တွင် ဒေနှစ်အတွင်း နွီစပါးစိုက်ပျိုးဧကသည် အယင်နှစ်ကထက် ၂ ဆနီးပါးတိုးလာကြောင်း နွီစပါးစိုက် သူများက ပြောသည်။
၂၀၂၂ ခုနှစ်က ရက္ခိုင်ပြည် နွီစပါးစိုက်ဧကမှာ ၈၂၂ ဧက ဟိခရာမှ ဒေနှစ် ၂၀၂၃ ခုနှစ်အတွင်းမှာ ၁၅၄၅ ဧက အထိစိုက်ပျိုးလာနိုင်ကြောင်း စိုက်ပျိုးရီးဌာနမှ သိရသည်။
ရက္ခိုင်ပြည်၌ မင်းပြား၊မြောက်ဦး၊ကျောက်တော်၊ရသေ့တောင် အစဟိသည့်မြို့နယ်များတွင် နွီစပါးကိုအများဆုံး စိုက်ပျိုးလျက်ဟိပြီး ယင်းသို့ နွီစပါးစိုက်ပျိုးရာတွင် လျှပ်စစ်မြစ်ရီတင်စနစ်၊ ဆည်ရီသွင်းစနစ်၊ သဘာဝရီတင်စနစ် အပြင် စက်ဖြင့်ရီတင် ရီသွင်းစနစ် စသည့် နည်းမျိုးစုံဖြင့် စိုက်ပျိုးလုပ်ကိုင်လျက်ဟိသည်။
ရက္ခိုင်ပြည်အတွင်း ရီလှောင်တာတမံ ၁၀ ကျော်ဟိကေလေ့ ရီပီးဝီနိုင်မှု နည်းပါးခြင်းကြောင့် ဆည်ရီသွင်းစနစ်နန့် နွီစပါး စိုက်ပျိုးမှုနည်းပါးပြီး၊ ရက္ခိုင်ပြည်၏ နွီစပါးစိုက်ပမာဏမှာ စပါးစိုက်ဧက စုစုပေါင်း၏ ၃ ပုံ ၁ ပုံရာ ဟိသိမ့် ကြောင်း သိရသည်။