APM၊ စပ်တမ်ဘာ ၂၃/၂၀၂၂
တောင်ကုတ်မှ သွားဆရာဝန် ဒေါက်တာ ကျော်သူရထွန်းကို စစ်ကောင်စီတပ် ဖမ်းထားသည်မှာ ၁၇ ရက်ကြာသည့် လက်ဟိချိန် အထိ အဆက်အသွယ် လုံးဝမရ၍ မိသားစုဝင်များအနီနန့် အလွန်အမင်း စိုးရိမ်နီကတ်ကြောင်း သိရသည်။
တောင်ကုတ်မြို့၊ ချောင်းကောက်ရပ်ကွက်မှ ဒေါက်တာ ကျော်သူရထွန်း(၄၂ နှစ်)ကို စပ်တမ်ဘာ (၆ )ရက်နိ မိုးထ (၉) နာရီခန့်က Mask တပ်ထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက တောင်ကုတ် အခြီစိုက် ခမရ(၅၄၄)တပ်ရင်းထဲသို့ ဖမ်းခေါ်လားခြင်းဖြစ်သည်။
လက်ဟိတွင် ဒေါက်တာ ကျော်သူရထွန်းအား ခမရ(၅၄၄)တပ်ရင်းထဲဟိ စရဖ ရုံးတွင် ရိုက်နှက်၊ နှိပ်စက်၍ စစ်ဆီးနီသည်ဟု သတင်းများ ထွက်ပေါ်လျက်ဟိသည်။
ယင်းအပြင် ဒေါက်တာ ကျော်သူရထွန်းမှာ နဂိုကပင် ကျန်းမာရီးမကောင်းသူ ဖြစ်သဖြင့် စစ်ကောင်စီတပ်မှ အဂုပိုင် ဖမ်းဆီး ရိုက်နှက် စစ်ဆီးနီသည်ဟု ကြားသိရသည့်အတွက် အလွန်တရာ စိုးရိမ်ပူပန်နီရကြောင်းလေ့ မိသားစုဝင်များက ဆိုသည်။
ယင်းနောက် စစ်ကောင်စီတပ်သည် စပ်တမ်ဘာ ၁၇ ရက်နိမှစ၍ တောင်ကုတ်မြို့နယ်အတွင်း အပြစ်မဲ့ပြည်သူများအား ဆက်တိုက် ဖမ်းဆီးလျက်ဟိရာ စပ်တမ်ဘာ ၂၁ ရက်နိအထိ ၄ ရက်အတွင်း တောင်ကုတ်မြို့နယ် အပြစ်မဲ့ပြည်သူ ၉ ယောက် ထက်မနည်း ဖမ်းဆီးခသည့်အပြင် ဆက်လက်ဖမ်းဆီးနီကြောင်းလေ့ သိရသည်။
(Zawgyi)
ေတာင္ကုတ္မွ သြားဆရာဝန္ ေဒါက္တာ ေက်ာ္သူရထြန္းကို စစ္ေကာင္စီ ဖမ္းထားသည္မွာ ၁၇ ရက္ၾကာေကေလ့ မိသားစုဝင္မ်ား အဆက္အသြယ္မရ
APM၊ စပ္တမ္ဘာ ၂၃/၂၀၂၂
ေတာင္ကုတ္မွ သြားဆရာဝန္ ေဒါက္တာ ေက်ာ္သူရထြန္းကို စစ္ေကာင္စီတပ္ ဖမ္းထားသည္မွာ ၁၇ ရက္ၾကာသည့္ လက္ဟိခ်ိန္ အထိ အဆက္အသြယ္ လုံးဝမရ၍ မိသားစုဝင္မ်ားအနီနန႔္ အလြန္အမင္း စိုးရိမ္နီကတ္ေၾကာင္း သိရသည္။
ေတာင္ကုတ္ၿမိဳ႕၊ ေခ်ာင္းေကာက္ရပ္ကြက္မွ ေဒါက္တာ ေက်ာ္သူရထြန္း(၄၂ ႏွစ္)ကို စပ္တမ္ဘာ (၆ )ရက္နိ မိုးထ (၉) နာရီခန႔္က Mask တပ္ထားသည့္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားက ေတာင္ကုတ္ အၿခီစိုက္ ခမရ(၅၄၄)တပ္ရင္းထဲသို႔ ဖမ္းေခၚလားျခင္းျဖစ္သည္။
လက္ဟိတြင္ ေဒါက္တာ ေက်ာ္သူရထြန္းအား ခမရ(၅၄၄)တပ္ရင္းထဲဟိ စရဖ ႐ုံးတြင္ ႐ိုက္ႏွက္၊ ႏွိပ္စက္၍ စစ္ဆီးနီသည္ဟု သတင္းမ်ား ထြက္ေပၚလ်က္ဟိသည္။
ယင္းအျပင္ ေဒါက္တာ ေက်ာ္သူရထြန္းမွာ နဂိုကပင္ က်န္းမာရီးမေကာင္းသူ ျဖစ္သျဖင့္ စစ္ေကာင္စီတပ္မွ အဂုပိုင္ ဖမ္းဆီး ႐ိုက္ႏွက္ စစ္ဆီးနီသည္ဟု ၾကားသိရသည့္အတြက္ အလြန္တရာ စိုးရိမ္ပူပန္နီရေၾကာင္းေလ့ မိသားစုဝင္မ်ားက ဆိုသည္။
ယင္းေနာက္ စစ္ေကာင္စီတပ္သည္ စပ္တမ္ဘာ ၁၇ ရက္နိမွစ၍ ေတာင္ကုတ္ၿမိဳ႕နယ္အတြင္း အျပစ္မဲ့ျပည္သူမ်ားအား ဆက္တိုက္ ဖမ္းဆီးလ်က္ဟိရာ စပ္တမ္ဘာ ၂၁ ရက္နိအထိ ၄ ရက္အတြင္း ေတာင္ကုတ္ၿမိဳ႕နယ္ အျပစ္မဲ့ျပည္သူ ၉ ေယာက္ ထက္မနည္း ဖမ္းဆီးခသည့္အျပင္ ဆက္လက္ဖမ္းဆီးနီေၾကာင္းေလ့ သိရသည္။