ဘူးသီးတောင်တွင် သပိတ်တောင်(ရခိုင်)ရွာ ကို စစ်ကောင်စီတပ် မီးတိုက်
APM ၊ စပ်တမ်ဘာ ၂၃/၂၀၂၂
ဘူးသီးတောင်မြို့နယ်၊တင်ဆက်(မူဆလင်)ရွာနား၌ အခြီစိုက်သည့် စစ်ကောင်စီတပ် ခမရ (၂၁၀) တပ် ရင်းမှတပ်ဖွဲ့ဝင်များသည် ဒေနိ စပ်တမ်ဘာ ၂၃ ရက် နိ ညည့် ၉ နာရီခန့်တွင် သပိတ်တောင်(ရခိုင်)ရွာကိုမီးတိုက်လိုက်ကြောင်း သတင်းရဟိသည်။
ဒေနိ နိခင်း ၁၁ နာရီခန့်ကလေ့ ဘူးသီးတောင်မြိုနယ် အလယ်ချောင်း(မူဆလင်)ရွာနား၌ အခြီစိုက်သည့် (နခခ-၈)တပ်ရင်းမှ တပ်မ (၂၂) လက်အောက်ခံ အင်အား ၈၀ ခန့်ပါ စစ်ကြောင်းတကြောင်းသည် ကင်းချောင်း ကျေးရွာနားမှ နီ၍ လက်နက် ကြီးများ ဖြင့်ပစ်ခတ်ရာတွင်သပိတ်တောင်မြောက်(မူဆလင်) ကျေးရွာသို့ကျရောက်ပေါက်ကွဲခပြီး၊ လက်နက်ကြီး ကျရောက်မှုကြောင့် အသက်(၂၈)နှစ်အရွယ် မာမောက်တာလောင် နန့်အသက်(၂၅)နှစ်အရွယ်
မရိုကီယာရို့ကျည် စထိမှန်ဒဏ်ရာရဟိလားခကြောင်း သိရသည်။
ယင်းအပြင် မောင်တောမြို့နယ်၊ ခြံပြင်ရွာကိုလေ့ ဒေနိ ညည့် ၉ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က မီးတိုက်ခကြောင်းလေ့ သတင်းများ ထွက်ပေါ်လျက်ဟိသည်။
နောက်ထပ် အသေးစိပ်အချက်အလက်များကို APM က စုံစမ်းလျက် ဆက်လက်ဖော်ပြပီးလားပါမည်။
(Zawgyi)
Breaking News
APM ၊ စပ်တမ်ဘာ ၂၃/၂၀၂၂