APM၊ ဩဂတ်စ် ၂၃ / ၂၀၂၃
ဘင်္ဂလားဒေ့ချ်နိုင်ငံတွင် ဒေနှစ်အတွင်း သွီးလွန်တုပ်ကွေးရောဂါကြောင့် သီဆုံးလူ ၅၀၀ နီးပါး ဟိလာကြောင်း သိရသည်။
ကျန်းမာရီးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ဩဂတ်စ် ၂၂ ရက်နိအထိ ၂၄နာရီအတွင်း သွီးလွန်တုပ်ကွေးလူနာ ၈ယောက် ထပ်မံ သီဆုံးခသည့်အတွက် သီဆုံးလူ ၄၅၃ယောက် နီပါးအထိ ဟိလာပြီး ဆီးရုံတက်ရောက်ကုသနီရလူ ၇,၈၂၉ ယောက် အထိဟိနီသည်ဟု ဆိုသည်။
သြဂတ်စ်လ သီတင်းပတ် ၃ ပတ်အတွင်းပင် သွီးလွန်တုပ်ကွေးဖြစ်ပွားလူ ၅၂,၅၂၇ ယောက်နန့် သီဆုံးလူ ၂၄၂ ယောက်အထိဟိခရာ ဒေဂုနှစ်အတွင်း အသီအပျောက်အများဆုံးလဖြစ်ကြောင်း ဖော်ပြထားသည်။
အစိုးရ၏ မှတ်တမ်းများအရ ဘင်္ဂလားဒေ့ချ်တွင် ဒေဂုနှစ်အတွင်း သွီးလွန်တုပ်ကွေးရောဂါဖြစ်ပွားလူစုစုပေါင်း ၁ သိန်းကျော်အထိဟိလာပြီး ၎င်းအထဲမှ ပြန်လည်ကောင်းမွန်လာလူ စုစုပေါင်း ၉၆၀၃၇ ယောက်ဟိသည်။
ဘင်္ဂလားဒေ့ချ်နိုင်ငံတွင် ကုန်ခသည့် ၂၀၁၉ ခုနှစ်ကလည်း သွီးလွန်တုပ်ကွေး ရောဂါ အများအပြား ဖြစ်ပွားခပြီး တနှစ်အတွင်း ဂေါရာပိုးကူးစက်ခံရလူပေါင်း ၁၀၁,၃၅၄ အထိဟိခကြောင်း သိဟိရသည်။
Source – Dengue death toll rises to 493
Photo – UNB