
APM၊ ဩဂတ်စ် ၂၃/ ၂၀၂၃
ကမ္ဘာ့အဆိုးရွားဆုံး နျူကလီးယား ဖီးအန္တရာယ်ကျရောက်ပြီး ၁၂ နှစ်အကြာ ဩဂတ်စ် ၂၄ ရက်နိမှစ၍ ဂျပန်သည် ၎င်း၏ ဖူကူချီးမား နျူကလီးယားဓာတ်အားပီးစက်ရုံမှ ရီကို ပစိဖိတ်သမုဒ္ဒရာထဲသို့ စွန့်ပစ်လားမည်ဖြစ်ကြောင်း ကြေညာ လိုက်သည်။
အဆိုပါစွန့်ပစ်ရီများသည် မြီအောက်ရီနန့် မိုးရီများရောကာ ရေဒီယိုသတ္တိကြွဓာတ်ပေါင်းဖိုများကို အအီးပီးရန် အသုံးပြုသည့် ရီများဖြစ်ပြီး ရီကန်ပေါင်း ၅၀၀ ကျော်နန့် ရီတန်ချိန်ပေါင်း ၁.၃၄ သန်းကို သိုလှောင်ထားခြင်းဖြစ်သည်။
ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီချီဒါက အဆိုပါစွန့်ပစ်ရီများသည် ဖီးကင်းကြောင်း ဩဂတ်စ် အခိုင်အမာ ပြောကြားခပြီး အန္တရာယ်မပီးနိုင်သည့် ထရိုင်တီယမ်မှလွဲ၍ ကျန်သည့်ရေဒီယိုသတ္တိကြွပစ္စည်များအားလုံးကို ရီမစွန့်ပစ်မီ စစ်ထုတ် လားမည်ဟု ဆိုသည်။
ဂျပန်နိုင်ငံက နျူကလီးယားစက်ရုံမှ ရီဆိုးများကို စွန့်ထုတ်မည်ဟု စတင်ကြေညာခသည်မှစ၍ ဂျပန်မှ အစားအစာတင်ပို့မှုကို တစိတ်တပိုင်း ရပ်ဆိုင်းထားသည့် တရုတ်နိုင်ငံသည် အဆိုပါကြေညာချက်ကို ပြင်းပြင်းထန်ထန်ဝေဖန်ခသည်။
တရုတ်နိုင်ငံခြားရီးဌာန ပြောခွင့်ရ ဝန်ဝမ်ဘင်က သမုဒ္ဒရာသည် လူသားအားလုံး၏ ဘုံပိုင်ဆိုင်မှုဖြစ်ပြီး ဂျပန်မှ နျူကလီးယားညစ်ညမ်းသည့်ရီကို စွန့်ပစ်ရန်နီရာမဟုတ်ကြောင်း ပြောကြားခသည်။
အလားတူ ဟောင်ကောင်နန့် မကာအိုရို့ကလေ့ အဆိုပါကိစ္စနန့်ပတ်သက်၍ ဂျပန်နိုင်ငံမှ ရီထွက်ကုန်များနန့် ဟင်းသီးဟင်းရွက်၊ နို့ထွက်ပစ္စည်းများကို တင်သွင်းမှုကို ပိတ်ပင်ထားသည်။
ယင်းအပြင် တောင်ကိုရီးယားနိုင်ငံသားများကလေ့ ဂျပန်အစိုးရ၏ နျူကလီးယားစက်ရုံမှ ရီဆိုးများစွန့်ပစ်ရန် ကြေညာချက်ကို ကန့်ကွက်ရှုံ့ချခကတ်ပြီး ဩဂတ်စ် ၂၂ရက်နိက ဆိုးလ်မြို့ဟိ ဂျပန်သံရုံးရှိတွင် ဆန္ဒပြမှုများ ပြုလုပ်ခကတ်သည်။
ဂျပန်သည် ဖူကူချီးမား နျူကလီးယားဓာတ်အားပီးစက်ရုံမှ ရီဆိုးများကို တရက်တွင် အများဆုံးလီတာ ၅ သိန်း(ဂါလံ ၁၃၂,၀၀၀) နှုန်းနန့် ဂျပန်နိုင်ငံအရှိမြောက်ဖက်ဟိ ကမ်းလွန်ပင်လယ်ပြင်သို့ စွန့်ပစ်လားမည်ဖြစ်ကြောင်း သိဟိရသည်။
Source – Japan to release water from stricken Fukushima nuclear plant
Photo – AFP
