APM ၊သြဂတ်စ် ၂၃/၂၀၂၃
ကျောက်တော်မြို့၊မြို့တော်ခန်းမစစ်ဖီးယှောင်စခန်းတွင် လက်ဟိ၌ စားဝတ်နီရီး အခက်အခဲများနန့် ရင်ဆိုင်နီကတ်ရကြောင်း သိရပါသည်။
အဆိုပါစစ်ဖီးယှောင် စခန်းဟိ စစ်ဖီးယှောင်များမှာ နိစားအလုပ်ဖြင့် အသက်မွီးဝမ်းကျောင်းပြုနီရသူများဖြစ်ပြီး လက်ဟိအလုပ်အကိုင်ယှားပါး၍ အခက်ကြုံနီကတ်ရကြောင်း စစ်ဖီးယှောင်များကပြောသည်။
ယင်းကြားထဲ ကုန်ဈီးနှုန်း အဆမတန် တက်နီခြင်းနန့် အကူအညီလာရောက်လှုဒါန်းမှုနည်းပါးခြင်းကြောင့်လည်း စားနပ်ရိက္ခာများ အရေးတကြီး အကူအညီလိုအပ်နီသည်ဟုဆိုသည်။
ယင်းအပြင် အကူအညီများလာရောက်မှု နည်းပါးလာသည့်နန့်အမျှ စစ်ဖီးယှောင်များမှာ ပိုအခက်ကြုံလာကတ်ရပြီး တချို့မိသားစုများမှာ မလောက်မငှစားသောက်နီကတ်ရသည် ဟုသိရသည်။
ယင်းစစ်ဖီးယှောင်စခန်းတွင် အိမ်ထောင်စု ၁၁၈ စုနန့် လူဦးရေ ၄၃၅ ယောက် ခိုလှုံလျက်ဟိပြီး အများစုမှာ ကျောက်တော်မြို့နယ် တင်းမ၊မာလာ၊လောင်းရှည်၊မွန်ထောက် စသည့်ကျေးရွာများကဖြစ်သည်။