APM၊ ဩဂတ်စ် ၂၃/ ၂၀၂၃
ထိုင်းနိုင်ငံတွင် ငွေကြေးလိမ်လည်မှုများနန့် ငွေကြေးလိမ်လည်မှုများအပေါ် တာဝန်ယူခြင်းမဟိသည့်အတွက် facebook လူမှုကွန်ရက်ကို ပိတ်သိမ်းရန် ပြင်ဆင်နီကြောင်း အာဏာပိုင်များက ပြောကြားသည်။
ထိုင်းနိုင်ငံ၏ ဒစ်ဂျစ်တယ်စီးပွားရီးနန့် လူမှုရီးဝန်ကြီး ချိုင်ဝတ် သန်နတ်ခမတ်နတ်စ်ဆွန်းက ငွေကြေးလိမ်လည် မှုများအတွက် facebook ကိုပိတ်ပင်ရန် တရားရုံးချုပ်သို့ ၇ ရက်အတွင်း အမိန့်တောင်းခံလားမည်ဟု ဩဂတ်စ် ၂၁ ရက်နိက ပြုလုပ်ခသည့် သတင်းစာယှင်းလင်းပွဲတွင် ပြောကြားခသည်။
ဝန်ကြီး၏ ပြောကြားချက်အရ facebook လူမှုကွန်ရက်မှတဆင့် ထိုင်းနိုင်ငံသား ၂ သိန်းကျော်ကို ငွေကြေးလိမ်လည် လှည့်ဖျား မှုများပြုလုပ်ခပြီး လိမ်လည်ခံရသည့် ငွေကြေး ပမာဏစုစုပေါင်းမှာ ဘတ် ၁၀ ဘီလီယံအထိဟိကြောင်း ချိုင်ဝတ်က ဆိုသည်။
အဆိုပါလိမ်လည်မှုများကို ဖြီယှင်းနိုင်ရန်အတွက် ထိုင်းအာဏာပိုင်များက facebook ၏ Meta ကုမ္ပဏီကို ကူညီပီးရန်နန့် ပူးပေါင်းဆောင်ရွက်ရန် တောင်းဆိုခကေလေ့ ကုမ္ပဏီဖက်မှ ပျက်ကွက်ခပြီး လိမ်လည်လှည့်ဖျားသည့် page အတုများ နန့် အဆိုပါ page များ၏ ကြေညာခများကို လက်ခံရယူနီသိမ့်သည်ဟု ၎င်းက ပြောကြားသည်။
Facebook ကုမ္ပဏီသည် လိမ်လည်သည့် ကြော်ငြာများကို ဖယ်ယှားမည်ဖြစ်ကြောင်း ထိုင်းအာဏာပိုင်များထံ အယူခံဝင်ထားပြီး ၅၀၀၀ ကျော်ကို ပိတ်ဆို့ထားကေလေ့ လိမ်လည်မှုပြသနာများမှာ ဆက်လက်ဟိနီသည်ဟု ချိုင်ဝတ်က ဆိုသည်။
Facebook ဟိ ကြော်ငြာအတုများ၊ ပရိုဖိုင်အတုများသည် အမြတ်အစွန်းကြီးကြီးမားမားရမည်ဖြစ်ကြောင်းလိမ်လည်ကာ ရင်းနှီး မြုပ်နှံရန် လူများကို လှည့်ဖျားဆွဲဆောင်မှုများပြုလုပ်နီသည်ဟု ချိုင်ဝတ်က ပြောဆိုထားသည်။
လက်ဟိ ထိုင်းနိုင်ငံတွင် လူပေါင်း ၆၆ သန်းဟိသည့်အနက် လူပေါင်း သန်း ၅၀ ကျော်မှာ facebook သုံးစွဲနီကြောင်း သိဟိရသည်။
Source – Facebook in Thailand threatened with closure
Photo – AP