
APM၊ ဩဂတ်စ် ၂၃/၂၀၂၃
ဒေနိ(ဩဂတ်စ် ၂၃ ရက်နိ)တွင် ကျောက်တော်မြို့နယ်၊ပိုင်သည်ရပ်(မူဆလင်)ရွာကို ကုလသမဂ္ဂဒုက္ခသည် များဆိုင်ရာမဟာမင်းကြီးရုံး( UNHCR)က ပုဆိုး၊ခြင်ထောင်၊ကန်စပ်အပါအဝင် အသုံးအဆောင်ပစ္စည်း ၈ မျိုး ကူညီထောက်ပံ့ပီးခကြောင်း သိရသည်။
ဒေနိ မိုးထ ၉ နာရီလောက်တွင် ပိုက်သည်ရပ်(မူဆလင်)ရွာဟိအိမ်ထောင်စု ၁၀၀၀ ကျော်အထဲမှ လက်လုပ်၊လက်စားအိမ်ထောင်စု ၅၅၀ အား အသုံးအဆောင်ပစ္စည်း ၈ မျိုးပါသည့်အထုပ် တထုပ်စီကို UNHCR ကထောက်ပံ့ပီးခကြောင်း ရွာသားများကပြောသည်။
ယင်းကျေးရွာတွင် Mocha မုန်းတိုင်းကြောင်း လူနီအိမ်အများပျက်စီးခရသည့်အပြင် မကြာသိမ့်ခင်ကလေ့ ရီလွှမ်းမိုးမှုဒဏ်ကို ဆိုးဆိုးဝါးဝါးခံခကတ်ရသည်။
ရက္ခိုင်တွင် ပြီးခသည့်ဂျူလိုင် ၃၁ ရက်နိမှစ၍မိုးအဆက်မပြတ်ရွာသွန်းမှုနန့်အတူ မြစ်/ချောင်း ရီများမြင့်တက်မှုကြောင့် ကျေးရွာအများအပြားဟိ လူနီအိမ် ၂၈၀၇၂ ဆောင်ရီမြုပ်ခရကာအဆိုပါ ရီဖီးသင့် ဒေသခံများမှာ လက်ဟိ၌ အကူအညီများ အရေးတကြီးလိုအပ်လျက်ဟိကြောင်းသိရသည်။


