APM၊ ဩဂတ်စ် ၂၃/ ၂၀၂၃
၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမိန်းပွဲဖြေဆိုခွင့်လျှောက်လွှာများကို လာမည့် စပ်တမ်ဘာ ၁ ရက်နိမှစ၍ စတင်ရောင်းချ ပီးလားမည်ဖြစ်ကြောင်း မြန်မာပြည်စာစစ်ဦးစီးဌာနက ဒေနိ(ဩဂတ်စ် ၂၃ရက်)နိတွင်ထုတ်ပြန်သည်။
တက္ကသိုလ်ဝင်စာမိန်းပွဲ ဖြေဆိုခွင့် လျှောက်လွှာ တစောင်ကို ၂ဝဝ ကျပ်နန့် စာမိန်းပွဲဝင်ကြေးအတွက် ၇၀၀ ကျပ် ပီးဆောင်ရမည် ဖြစ်ပြီး ငွေသွင်းတံဆိပ်ဂေါင်းရို့ကို စာစစ်ဦးစီးဌာနတွင် စပ်တမ်ဘာ ၁ ရက်နိမှစ၍ ရောင်းချလားမည်ဟု ဆိုသည်။
စာမိန်းပွဲဖြေဆိုခွင့်လျှောက်လွှာတင်သွင်းရာ၌ ဖြေဆိုမည့် ဘာသာတွဲအလိုက် အစိမ်းရောင်နန့် ပန်းရောင် ဖြေဆိုခွင့် လျှောက်လွှာ၊ ကတ်ပြားပုံစံဖြင့် အရောင်နှစ်မျိုး ခွဲခြား သတ်မှတ်ထားမည်ဟု သိရသည်။
အဆိုပါစာမိန်းပွဲတွင် စနစ်ဟောင်း နဝမတန်း အောင်မြင်ပြီး အကြောင်းအမျိုးမျိုးကြောင့် စနစ်ဟောင်း တက္ကသိုလ် ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုခြင်း မဟိခလူများနန့် စနစ်ဟောင်း ဒသမတန်း တက္ကသိုလ်ဝင်စာမိန်းပွဲ ကျယှုံးလူများကို ပြင်ပဖြေဆိုခွင့် ပီးလားမည်ဖြစ်သည်။
ပြင်ပဖြေဆိုရန် လျှောက်လွှာတင်သွင်းလူများအနီနန့် စာမိန်းပွဲဝင်ကြေး ၇၀ဝ ကျပ်တန် ငွေသွင်းတံဆိပ်ဂေါင်းများ ဝယ်ယူကာ မိမိအမှန်တကယ်နီထိုင်သည့် မြို့နယ်ပညာရီးမှူးရုံးများ၌ ဝင်ခွင့်လျှောက်လွှာများကို စပ်တမ်ဘာ ၁ ရက်နိမှ ၂၉ ရက်နိအတွင်း တင်သွင်းရမည်ဟု သိရသည်။
ယင်းအပြင် သတ်မှတ်ထားသည့် ရက်များအတွင်း လျှောက်လွှာများကို အချိန်မီ ပီးပို့ခြင်းမဟိလူများသည် စာမိန်းပွဲ ဖြေဆိုခွင့်ရမည်မဟုတ်ဘဲ စာမိန်းပွဲဖြေဆိုခွင့်လျှောက်လွှာနန့် ကတ်ပြားတွင် ဖော်ပြပါဟိသည့် ဘာသာတွဲမှအပ တခြားဘာသာများသို့ ပြောင်းလဲဖြေဆိုခွင့်ပီးလားမည်မဟုတ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Photo မြန်မာပြည်စာစစ်ဦးစီးဌာန