APM၊ သြဂတ်စ် ၂၃/၂၀၂၂
မောင်တောမြို့နယ်မှ မိဖပြည်သူများသို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULA က ဒေနိ(ဩဂတ်စ် ၂၃ ရက်နိ)ရက်စွဲနန့် အသိပီးကြေညာ ချက်တစောင် ထုတ်ပြန်သည်။
ယင်းကြေညာချက်၌ “နိုင်ငံတော်စီမံအုပ်ချုပ်ရီးကောင်စီ(နစက)သည် ရက္ခိုင်ပြည်သူလူထုကို ဖိနှိပ်လို၍ ရက္ခိုင်ပြည်ဟိ မြို့နယ် တချို့၌ ညည့်မထွက်ရ အမိန့်ကို ရည်ရွယ်ချက်ဟိဟိ တမင်တကာ ထုတ်ဆင့်လျက်ဟိရာတွင် မောင်တောမြို့နယ်၌လေ့ ညည့် (၁၀)နာရီမှ နောက်နိမိုးထ(၅)နာရီ အထိ ညည့်မထွက်ရအမိန့်ကို ထုတ်ပြန်ထားသည်မှာ လပေါင်းများစွာ ကြာမြင့်ခပြီး ဒေဂုလ အတွင်း၌လေ့ ညည့်မထွက်ရအမိန့်ကို ထပ်မံထုတ်ပြန်ထားသည်။ ယင်းအပြင် ကုန်းလမ်း၊ရီလမ်း ကုန်စည်သယ်ယူပို့ဆောင်ရီး နန့် ခရီးလားလာရီး ကိစ္စရပ်များကိုပါ တင်းကျပ်စွာ ကန့်သတ်ပိတ်ပင်တားမြစ်လိုက်သည့်အတွက် မောင်တောမြို့နယ်အတွင်းက ရွာ ပေါင်းများစွာမှ ဒေသခံပြည်သူလူထုများသည် ရိက္ခာပြတ်လပ်မှုများကို ကြုံတွိနီရကာ အခက်အခဲမျိုးစုံကို ဆိုးဝါးစွာ ရင်ဆိုင်နီ ကတ်ရသည် “ဟု ဖော်ပြထားသည်။
ယင်းအပြင် “အခြားတဖက်တွင်လေ့ မြန်မာစစ်တပ်သည် စစ်ရီးပြင်ဆင်မှု၊ လက်နက်ခဲယမ်း၊စစ်အင်အားတိုးချဲ့မှုနန့်အတူ စစ်ဆင်ရီးပြုလုပ်မည့် အရိပ်အယောင်များကိုပါ ခပ်စိပ်စိပ် ထပ်မံတွိလာနီရပြီး မြို့နယ်အတွင်း ရွာတရွာနန့်တရွာလားလာခွင့်များ၊ ရွာအပြင် ထွက်ခွင့်များကို မြန်မာစစ်တပ်မှ လုံးဝပိတ်ပင်ကန့်သတ်ထားပြီး ရိက္ခာပြတ်လပ်၍ အငတ်ဖီးဆိုက်အောင် တမင်တကာ အနိုင်ကျင့် လုပ်ဆောင်နီခြင်းမှာ လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်နီခြင်းတမျိုးဖြစ်ကြောင်း၊ ကုန်းလမ်း၊ ရီလမ်း၊ မြို့၊ ရွာအဝင် အထွက်လမ်းများတွင် မြန်မာစစ်တပ်မှ စစ်ဆီးရီးဂိတ်များဖွင့်ကာ ခရီးလားလာပြည်သူများကိုခေါ်ယူစစ်ဆီးခြင်း၊ ဖုန်းများကို စစ်ဆီးခြင်း၊အိမ်များကိုဝင်ရောက်စီးနင်းရှာဖွီမွှီနှောက်ခြင်း၊ မတရားဖမ်းဆီးရိုက်နှက်ခေါ်ဆောင်လားကာပုဒ်မအမျိုးမျိုး တပ်လျက် တရားစွဲဆိုခြင်း၊ ဂိတ်စခန်းချထားသည့်နီရာများမှ ရက်ရက်စက်စက် ဥပဒေမဲ့ သီနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်းများကိုလေ့ လက် ရဲဇက်ရဲဗြောင်ကျကျကျူးလွန်လျက်ဟိကြောင်း၊ ဤသည်မှာ မြန်မာစစ်တပ်မှ ပြည်သူကို လုပ်လိလုပ်ထဟိသော ဖြတ်လေးဖြတ် စစ်ဆင်ရီးထဲမှ ရိက္ခာပြတ်လားအောင်ပြုလုပ်ခြင်းပင်ဖြစ်ကြောင်းနန့်ဒေဂုရက်သတ္တပတ်အတွင်းမြန်မာစစ်တပ်နန့် ရက္ခိုင့်တပ် တော်အကြား စစ်ရီးတင်းမာမှုကြောင့် တိုက်ပွဲများခပ်စိပ်စိပ် ဖြစ်ပွားလာခြင်းနန့်အတူ တိုက်ပွဲအဟိန်သည်လေ့ တရက်ထက် တရက်ပိုမိုမြင့်မားလာပြီး တိုက်ပွဲနီရာများမှာလေ့ ပိုမိုကျယ်ပြန့်လာနီသည်” ဟု ULA က ဆိုသည်။
ယင်းကြောင့် “မြန်မာစစ်တပ် နန့် ၎င်းရို့၏ နယ်ခြားစောင့်တပ်ဖွဲ့များ အခြီပြုထားသည့် နီရာများ၊ ၎င်းရို့ ဂိတ်စခန်းချ စစ်ဆီးသည့် နီရာများ၊ ပုံမှန်လားလာနီကတ်သည့် နီရာများ၌ မလားမဖြစ်လားလာရမည့် အရေးပေါ်ကိစ္စ၊ သီရီးရှင်ရီးကိစ္စ၊ ကျန်းမာရီးကိစ္စများမှ လွဲ၍ လားလာခြင်းမပြုကတ်ပါရန်နန့်အကယ်တန္တိ မဖြစ်မနီလားလာရမည်ဆိုပါကလေ့ နီးစပ်ရာ မိမိရို့ ဒေသဆိုင်ရာ နိုင်ငံရီးရုံး၊ အုပ်ချုပ်ရီးရုံး၊ နယ်မြီရုံးများမှတဆင့် ဆက်သွယ် အသိပီးပြီးမှရာ လားလာကတ်ပါရန် အလေးထား အသိပီးလိုပါသည်။ လားလာ သည့်အချိန်ကိုလေ့ မိုးထ(၅) နာရီနောက်ပိုင်းမှ ညဇာ (၈) နာရီအတွင်း ဂရုပြုလားလာကတ်ရန်အထူး အလေးအနက် တိုက်တွန်း လိုက်ပါသည်”ဟုလေ့ ကြေညာချက်တွင် ဖော်ပြထားသည်။
ယင်းသို့ မြန်မာစစ်တပ်၏ ခရီးလာလာခွင့်ပိတ်ထားသောလုပ်ရပ်၊ ညည့်မထွက်ရအမိန့်များကြောင့် ဒေသခံပြည်သူများ အခက်အခဲ အကျပ်အတည်း မဖြစ်စီရအောင် ရက္ခိုင်ပြည်သူ့အစိုးရကနည်းလမ်းပေါင်းစုံဖြင့် ဖြေယှင်းရန်ကြိုးပမ်းလျက်ဟိပါကြောင်းနန့် ရက္ခိုင် ပြည်သူ့အစိုးရ အနီနန့်လေ့ ခရီးလား မိဖပြည်သူများအတွက် အကောင်းဆုံး ကူညီဆောင်ရွက်ပီးကတ်ပါရန် ညွှန်ကြား ထားပြီးဖြစ် ပါကြောင်း”လေ့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULA ၏ အသိပီးကြေညာချက်၌ ဖော်ပြပါဟိသည်။
(Zawgyi)
မောင်တောမြို့နယ် မိဖပြည်သူများသို့ ULA အသိပီးကြေညာချက် ထုတ်
APM၊ သြဂတ်စ် ၂၃/၂၀၂၂
