APM ၊ ဩဂတ်စ် ၂၃/ ၂၀၂၂
ရသေ့တောင်မြို့နယ်အတွင်းဟိ စစ်ဖီးယှောင်များကို နိုင်ငံတကာနန့်ပြည်တွင်း လူမှုအဖွဲအစည်းများအနီဖြင့် ဝိုင်ဝန်းဖေးမ ကူညီ ပီးကတ်ပါရန်နန့် ယင်းသို့ကူညီရာ၌ အခက်အခဲများ ကြုံတွိလာပါက ရက္ခိုင်ပြည်သူ့အစိုးရသို့ ဆက်သွယ်ဆောင်ရွက်ကတ်ပါရန် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULA မှ ဩဂတ်စ် ၂၃ ရက်နိရက်စွဲနန့် မေတ္တာရပ်ခံ ထုတ်ပြန်ကြေညာလိုက်သည်။
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULA ၏ ထုတ်ပြန်ချက်တွင် “စစ်ဖီးယှောင်ပြည်သူများ၏ လက်ဟိရင်ဆိုင်ကြုံတွိနီရသော စားဝတ်နီရီး အခက်အခဲ၊ အကျပ်အတည်းများကို ကူညီဖြေယှင်းနိုင်ရန် နိုင်ငံတကာနန့် အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့ အစည်းများ၊ အစိုးရမဟုတ်သော ပြည်တွင်အရပ်ဖက်အဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများနန့် ပြည်သူလူထုများမှ စစ်ဖီးယှောင်များအတွက် အရေးပေါ်လိုအပ်နီသော အဝတ်အထည်၊ ပုဆိုး၊ ခြင်ထောင်၊ အမျိုးသမီးလစဉ်သုံး ပစ္စည်းများ အပါအဝင် အခြီခံ စားသောက်ကုန်များ ဖြစ်သည့် ဆန်၊ ဆီ၊ ဆား၊ ဆီးဝါး၊ ကျန်းမာရီးစောင့်ယှောက်မှုများကို လူသားချင်းစာနာထောက်ထားသော အားဖြင့် ဝိုင်းဝန်းဖေးမ ကူညီပီးကတ်ပါရန် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULA မှ အလေးအနက်မေတ္တာရပ်ခံပါကြောင်း”ဖော်ပြထားသည်။
ယင်းအပြင်”ရက္ခိုင်ပြည်သူ့အာဏာပိုင်အဖွဲ့များအနီနန့်လေ့ မိမိရို့ဒေသဆိုင်ရာနိုင်ငံရီးရုံး၊အုပ်ချုပ်ရီးရုံး၊နယ်မြီရုံးများမှတဆင့် စစ်ဖီး ယှောင် ပြည်သူများ၏ လက်တလောအခြီခံလိုအပ်ချက်များကို ဖြည့်ဆည်းပီးခြင်း၊ နီရာထိုင်ခင်းချပီးခြင်း၊ ကျန်းမာရီး စောင့်ယှောက်မှု ပီးခြင်းရို့အပြင်အရေးပေါ်ချက်ချင်းလိုအပ်သည်များကိုတတ်နိုင်သမျှကူညီထောက်ပံ့လုပ်ဆောင်လျက်ဟိပါသည်။ အကယ်၍ လူသား ချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို ပီးအပ်ရန်ဆောင်ရွက်လျက်ဟိသည့်အဖွဲ့အစည်းများအား နစက ၏ မြန်မာ စစ်တပ်နန့် ၎င်းရို့၏ နယ်စပ်ရီးရာနန့်လုံခြုံရီးဝန်ကြီးရို့မှ အကြောင်းအမျိုးမျိုးပြ၍ လူမဆန်စွာ ပိတ်ပင် တားဆီးနီမှုများ၊ အခက်အခဲ များကြုံတွိရပါက မိမိရို့ ရက္ခိုင်ပြည်သူ့အစိုးရသို့ ဆက်သွယ်၍ ကူညီပံ့ပိုးမှုများကို ဆောင်ရွက်နိုင်ပါသည်” ဟုလေ့ ထုတ်ပြန်ချက်က ဆိုသည်။
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULA ၏ ထုတ်ပြန်ချက်အရ “ရသေ့တောင်မြို့နယ်၊ အငူမော်-မောင်တောလမ်း၊ ဒုံးပိုက်ရွာနားတွင် ၂၀၂၂ ခုနှစ်၊ ဩဂတ်စ်လ(၁၃)ရက်နိ၌ မြန်မာစစ်တပ်နန့် ရက္ခိုင့်တပ်တော်ရို့ တိုက်ပွဲဖြစ်ပွားခပြီးနောက် ချိန်ခါလီ၊ ကိုးတန်ကောက် ၊ကြံတိုင်းအောင်ရွာများမှ ပြည်သူများသည် ရသေ့တောင်မြို့နယ်၊ မယူတောင်တန်းအရှိဘက်ဟိ ရွာတချို့သို့ တိမ်းယှောင်လာခ ကတ်ကြောင်း၊ ၂၀၂၂ ခုနှစ်၊ ဩဂတ်စ်လ (၂၀)ရက်နိအထိ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA)မှ ကောက်ခံရဟိထားသည့် အချက်အလက်များအရ အဆိုပါရွာများတွင် တိမ်းယှောင်လာသည့် စစ်ဖီးယှောင်အိမ်ထောင်စု (၄၅၇) စု၊ ကျား (၇၄၄) ဦး၊ မ (၈၇၈) ဦး၊ စုစုပေါင်း လူဦးရေ (၁၆၂၂) ဦး ဟိကြောင်းနန့် ယင်းစစ်ဖီးယှောင်လာသည့် ပြည်သူများတွင် ကိုယ်ဝန်ဆောင်များ၊ မွေးကင်းစနန့် ကလေးငယ်များ၊ အမျိုးသမီးများ ပါဝင်ကြောင်း” သိရသည်။
“ယင်းစစ်ဖီးယှောင်များသည် ရွာများအတွင်းဟိ နီအိမ်များနန့် ဘုန်းကြီးကျောင်းများတွင် ပြည့်သိပ်စွာနီထိုင်နီရပါသည်။ အဂု အချိန်သည် မိုးတွင်းကာလဖြစ်သောကြောင့် ပုဆိုး၊ ခြင်ထောင်များ အရေးပေါ်လိုအပ်လျက်ဟိပြီး အမျိုးသမီးလစဉ်သုံးပစ္စည်းများမှာလေ့ လိုအပ်လျက်ဟိပါသည်။ ငှက်ဖျား၊ ဝမ်းရောဂါ၊ သွီးလွန်တုပ်ကွေးရောဂါများဖြစ်ခပါက ဆီးဝါးအခက်အခဲ ကြောင့် အသက် အန္တရာယ်ဆုံးယှုံးလားမည်ကိုစိုးရိမ်ရပါသည်။လက်ဟိတိမ်းယှောင်နီကတ်ရသည့်နီရာများ၌ကာလတာရှည်နီထိုင်ရမည်ဆိုပါကအခြီခံ အစားအစာ၊ ဆီးဝါး၊ အဝတ်အထည်များလေ့ ဆက်လက်လိုအပ်နီအုံးမည်ဖြစ်ပါသည်။ လတ်တလောတွင် အခြီခံစားနပ်ရိက္ခာ အတွက် ရွာခံများနန့် နီးစပ်ရာများမှ ကူညီဖြေယှင်းပီးနီကေလေ့ နိုင်ငံတော်စီမံအုပ်ချုပ်ရီး ကောင်စီ (နစက) မှ လူသားချင်းစာနာ ထောက်ထားရီးအကူအညီများ ထောက်ပံ့ပီးနီကတ်သော အဖွဲ့အစည်းများအား လားလာခွင့် ကန့်သတ်ပိတ်ပင် ထားခြင်း၊ ကုန်စည် စီးဆင်းမှု လမ်းကြောင်းများအား ပိတ်ဆို့ထားခြင်းတိကြောင့် ရေရှည်မှာ စားနပ်ရိက္ခာရဟိရီး၊ ကျန်းမာရီး၊ နီထိုင်ရီးနန့် အထွေထွေ အခက်အခဲများစွာဟိလာနိုင်ပါသည်” ဟုလေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“၂၀၂၂ခုနှစ်၊ဩဂတ်စ်လ(၁၃) ရက်နိတွင်ဖြစ်ပွားခသော ရက္ခိုင်၊ ပလက်ဝဒေသအတွင်းတိုက်ပွဲများနောက်ပိုင်းမှစ၍အကျအဆုံးများပြီး အထိနာနီသော မြန်မာစစ်တပ်သည် ရီချမ်းပြင်-အငူမော်-မောင်တောလမ်းနန့်မောင်တော-ကြိမ်ချောင်း(မြောက်ဘက်ပိုင်း)လမ်းတွင် ပြည်သူများခရီးလားလာမှုနန့် ကုန်စည်စီးဆင်းမှုကို ပိတ်ထားလိုက်သည်။ တပြိုက်နက်တည်းတွင် စစ်တွေအမြန်ရီ ယာဉ်ဆိပ်၊ ရီချမ်းပြင်ဆိပ်နန့် မောင်တော-ဘူးသီးတောင် လမ်းများတွင် စစ်ဆီးခြင်းများကို အယင်ကထက် ပို၍ တင်းကြပ်စွာလုပ်ဆောင် လျက်ရှိသည်”ဟုလေ့ ULA က ဆိုသည်။
ယင်းနည်းတူ “၂၀၂၂ ခုနှစ်၊ သြဂတ်စ်လ (၂၀) ရက်နိမှစပြီး ဘူးသီးတောင်အခြီစိုက် မြန်မာစစ်တပ်၏ ဗျူဟာဂိတ်မှ ဘူးသီးတောင်-မောင်တောသို့ ကုန်စည်ကူးသန်းရောင်းဝယ်မှုဆိုင်ရာ ကိစ္စရပ်များကို ပိတ်ပင်တားမြစ်ကာ ကုန် စည်ရိက္ခာစီးဆင်းခြင်း လုံးဝဖြတ် တောက်လိုက်ကြောင်း၊ ယင်းအပြင် မောင်တော-အငူမော် ကားလမ်းကြောင်းတလျှောက် မောင်တောမြို့နယ် တောင်ဘက်ပိုင်း ကျေးရွာများနန့် မောင်တောမြို့နယ်မြောက်ပိုင်း ကျေးရွာများသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စားနပ်ရိက္ခာဖြန့်ဝီရီး လုပ်ဆောင်နီကတ်သည့် အဖွဲ့အစည်းများကိုလေ့ မြန်မာစစ်တပ်မှ လားလာခွင့်များ ကန့်သတ်ပိတ်ပင်လိုက်ကြောင်း” ထုတ်ပြန်ချက် တွင်ဖော်ပြထားသည်။
ယင်းအပြင် ရက္ခိုင်၊ ပလက်ဝဒေသ၌ လွန်ခသော သုံးလေးနှစ်အတွင်း ဖြစ်ပွားခသည့် တိုက်ပွဲများကြောင့် အဆိုပါဒေသများမှ စစ်ဖီး ယှောင်ပြည်သူပေါင်း (၆၀၀၀၀) ခန့်မှာ စစ်ဖီးယှောင်စခန်းအသီးသီး၌ နီထိုင်လ်ဟိနီကြောင်း၊ ယင်းနည်းတူဒေလအတွင်း တိုက်ပွဲများ ကြောင့် စစ်ဖီးယှောင်ဦးရေ (၁၆၂၂)ဦး ထပ်မံတိုးလာခရပြန်ကြောင်း၊ အခြားတဖက်တွင် ၂၀၂၁ ခုနှစ်အတွင်း အဆိုပါ စစ်ဖီးယှောင်များ အနီနန့် မိမိရပ်ရွာဒေသများသို့ အိမ်ပြန်နိုင်ရန် အခွင့်အလမ်းများဟိကေလေ့ မြန်မာစစ်တပ်မှ တိုက်ပွဲကာလများအတွင်းစည်းကမ်း မဲ့စွာထောင်ထားခသော စွန့်လွှတ်မိုင်း၊ နင်းမိုင်းများ၏ အန္တရာယ်ကြောင့်နီရပ်ပြန်နိုင်မည့် အခွင့်အရေးဆုံးယှုံးကာ စစ်ဖီးယှောင် စခန်း များတွင် ဆက်လက်နီထိုင်နီရပြီး စားနပ်ရိက္ခာ၊လူမှုစီးပွားအခက်အခဲများနန့် ဆက်လက်ရင်ဆိုင်နီရကြောင်းလေ့ ရက္ခိုင်အမျိုးသား အဖွဲ့ချုပ် ULA ၏ ဒေနိ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်ကို တွိဟိရပါသည်။
(Zawgyi)
ရေသ့ေတာင္ၿမိဳ႕နယ္မွ စစ္ဖီးေယွာင္မ်ားကို ႏိုင္ငံတကာနန႔္ ျပည္တြင္းလူမႈအဖြဲ႕အစည္းမ်ားအနီျဖင့္ ဝိုင္ဝန္းေဖးမ ကူညီပီးကတ္ပါရန္ နန႔္ ယင္းသို႔ကူညီရာ၌ အခက္အခဲမ်ားႀကဳံတြိလာပါက ရကၡိဳင္ျပည္သူ႔အစိုးရသို႔ ဆက္သြယ္ ေဆာင္႐ြက္ကတ္ပါရန္ ULA ေမတၱာရပ္ခံ
APM ၊ ဩဂတ္စ္ ၂၃/ ၂၀၂၂
ရေသ့ေတာင္ၿမိဳ႕နယ္အတြင္းဟိ စစ္ဖီးေယွာင္မ်ားကို ႏိုင္ငံတကာနန႔္ျပည္တြင္း လူမႈအဖြဲအစည္းမ်ားအနီျဖင့္ ဝိုင္ဝန္းေဖးမ ကူညီ ပီးကတ္ပါရန္နန႔္ ယင္းသို႔ကူညီရာ၌ အခက္အခဲမ်ား ႀကဳံတြိလာပါက ရကၡိဳင္ျပည္သူ႔အစိုးရသို႔ ဆက္သြယ္ေဆာင္႐ြက္ကတ္ပါရန္ ရကၡိဳင္အမ်ိဳးသားအဖြဲ႕ခ်ဳပ္ ULA မွ ဩဂတ္စ္ ၂၃ ရက္နိရက္စြဲနန႔္ ေမတၱာရပ္ခံ ထုတ္ျပန္ေၾကညာလိုက္သည္။
ရကၡိဳင္အမ်ိဳးသားအဖြဲ႕ခ်ဳပ္ ULA ၏ ထုတ္ျပန္ခ်က္တြင္ “စစ္ဖီးေယွာင္ျပည္သူမ်ား၏ လက္ဟိရင္ဆိုင္ႀကဳံတြိနီရေသာ စားဝတ္နီရီး အခက္အခဲ၊ အက်ပ္အတည္းမ်ားကို ကူညီေျဖယွင္းႏိုင္ရန္ ႏိုင္ငံတကာနန႔္ အစိုးရမဟုတ္ေသာ ႏိုင္ငံတကာအဖြဲ႕ အစည္းမ်ား၊ အစိုးရမဟုတ္ေသာ ျပည္တြင္အရပ္ဖက္အဖြဲ႕အစည္းမ်ား၊ လူမႈအဖြဲ႕အစည္းမ်ားနန႔္ ျပည္သူလူထုမ်ားမွ စစ္ဖီးေယွာင္မ်ားအတြက္ အေရးေပၚလိုအပ္နီေသာ အဝတ္အထည္၊ ပုဆိုး၊ ျခင္ေထာင္၊ အမ်ိဳးသမီးလစဥ္သုံး ပစၥည္းမ်ား အပါအဝင္ အၿခီခံ စားေသာက္ကုန္မ်ား ျဖစ္သည့္ ဆန္၊ ဆီ၊ ဆား၊ ဆီးဝါး၊ က်န္းမာရီးေစာင့္ေယွာက္မႈမ်ားကို လူသားခ်င္းစာနာေထာက္ထားေသာ အားျဖင့္ ဝိုင္းဝန္းေဖးမ ကူညီပီးကတ္ပါရန္ ရကၡိဳင္အမ်ိဳးသားအဖြဲ႕ခ်ဳပ္ ULA မွ အေလးအနက္ေမတၱာရပ္ခံပါေၾကာင္း”ေဖာ္ျပထားသည္။
ယင္းအျပင္”ရကၡိဳင္ျပည္သူ႔အာဏာပိုင္အဖြဲ႕မ်ားအနီနန႔္ေလ့ မိမိ႐ို႕ေဒသဆိုင္ရာႏိုင္ငံရီး႐ုံး၊အုပ္ခ်ဳပ္ရီး႐ုံး၊နယ္ၿမီ႐ုံးမ်ားမွတဆင့္ စစ္ဖီး ေယွာင္ ျပည္သူမ်ား၏ လက္တေလာအၿခီခံလိုအပ္ခ်က္မ်ားကို ျဖည့္ဆည္းပီးျခင္း၊ နီရာထိုင္ခင္းခ်ပီးျခင္း၊ က်န္းမာရီး ေစာင့္ေယွာက္မႈ ပီးျခင္း႐ို႕အျပင္အေရးေပၚခ်က္ခ်င္းလိုအပ္သည္မ်ားကိုတတ္ႏိုင္သမွ်ကူညီေထာက္ပံ့လုပ္ေဆာင္လ်က္ဟိပါသည္။ အကယ္၍ လူသား ခ်င္းစာနာေထာက္ထားမႈဆိုင္ရာ အကူအညီမ်ားကို ပီးအပ္ရန္ေဆာင္႐ြက္လ်က္ဟိသည့္အဖြဲ႕အစည္းမ်ားအား နစက ၏ ျမန္မာ စစ္တပ္နန႔္ ၎႐ို႕၏ နယ္စပ္ရီးရာနန႔္လုံၿခဳံရီးဝန္ႀကီး႐ို႕မွ အေၾကာင္းအမ်ိဳးမ်ိဳးျပ၍ လူမဆန္စြာ ပိတ္ပင္ တားဆီးနီမႈမ်ား၊ အခက္အခဲ မ်ားႀကဳံတြိရပါက မိမိ႐ို႕ ရကၡိဳင္ျပည္သူ႔အစိုးရသို႔ ဆက္သြယ္၍ ကူညီပံ့ပိုးမႈမ်ားကို ေဆာင္႐ြက္ႏိုင္ပါသည္” ဟုေလ့ ထုတ္ျပန္ခ်က္က ဆိုသည္။
ရကၡိဳင္အမ်ိဳးသားအဖြဲ႕ခ်ဳပ္ ULA ၏ ထုတ္ျပန္ခ်က္အရ “ရေသ့ေတာင္ၿမိဳ႕နယ္၊ အငူေမာ္-ေမာင္ေတာလမ္း၊ ဒုံးပိုက္႐ြာနားတြင္ ၂၀၂၂ ခုႏွစ္၊ ဩဂတ္စ္လ(၁၃)ရက္နိ၌ ျမန္မာစစ္တပ္နန႔္ ရကၡိဳင့္တပ္ေတာ္႐ို႕ တိုက္ပြဲျဖစ္ပြားခၿပီးေနာက္ ခ်ိန္ခါလီ၊ ကိုးတန္ေကာက္ ၊ႀကံတိုင္းေအာင္႐ြာမ်ားမွ ျပည္သူမ်ားသည္ ရေသ့ေတာင္ၿမိဳ႕နယ္၊ မယူေတာင္တန္းအရွိဘက္ဟိ ႐ြာတခ်ိဳ႕သို႔ တိမ္းေယွာင္လာခ ကတ္ေၾကာင္း၊ ၂၀၂၂ ခုႏွစ္၊ ဩဂတ္စ္လ (၂၀)ရက္နိအထိ ရကၡိဳင္အမ်ိဳးသားအဖြဲ႕ခ်ဳပ္ (ULA)မွ ေကာက္ခံရဟိထားသည့္ အခ်က္အလက္မ်ားအရ အဆိုပါ႐ြာမ်ားတြင္ တိမ္းေယွာင္လာသည့္ စစ္ဖီးေယွာင္အိမ္ေထာင္စု (၄၅၇) စု၊ က်ား (၇၄၄) ဦး၊ မ (၈၇၈) ဦး၊ စုစုေပါင္း လူဦးေရ (၁၆၂၂) ဦး ဟိေၾကာင္းနန႔္ ယင္းစစ္ဖီးေယွာင္လာသည့္ ျပည္သူမ်ားတြင္ ကိုယ္ဝန္ေဆာင္မ်ား၊ ေမြးကင္းစနန႔္ ကေလးငယ္မ်ား၊ အမ်ိဳးသမီးမ်ား ပါဝင္ေၾကာင္း” သိရသည္။
“ယင္းစစ္ဖီးေယွာင္မ်ားသည္ ႐ြာမ်ားအတြင္းဟိ နီအိမ္မ်ားနန႔္ ဘုန္းႀကီးေက်ာင္းမ်ားတြင္ ျပည့္သိပ္စြာနီထိုင္နီရပါသည္။ အဂု အခ်ိန္သည္ မိုးတြင္းကာလျဖစ္ေသာေၾကာင့္ ပုဆိုး၊ ျခင္ေထာင္မ်ား အေရးေပၚလိုအပ္လ်က္ဟိၿပီး အမ်ိဳးသမီးလစဥ္ သုံးပစၥည္းမ်ား မွာေလ့ လိုအပ္လ်က္ဟိပါသည္။ ငွက္ဖ်ား၊ ဝမ္းေရာဂါ၊ သြီးလြန္တုပ္ေကြးေရာဂါမ်ားျဖစ္ခပါက ဆီးဝါးအခက္အခဲ ေၾကာင့္ အသက္ အႏၲရာယ္ဆုံးယႈံးလားမည္ကိုစိုးရိမ္ရပါသည္။လက္ဟိတိမ္းေယွာင္နီကတ္ရသည့္နီရာမ်ား၌ကာလတာရွည္နီထိုင္ရမည္ဆိုပါကအၿခီခံ အစားအစာ၊ ဆီးဝါး၊ အဝတ္အထည္မ်ားေလ့ ဆက္လက္လိုအပ္နီအုံးမည္ျဖစ္ပါသည္။ လတ္တေလာတြင္ အၿခီခံစားနပ္ရိကၡာ အတြက္ ႐ြာခံမ်ားနန႔္ နီးစပ္ရာမ်ားမွ ကူညီေျဖယွင္းပီးနီေကေလ့ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ရီး ေကာင္စီ (နစက) မွ လူသားခ်င္းစာနာ ေထာက္ထားရီးအကူအညီမ်ား ေထာက္ပံ့ပီးနီကတ္ေသာ အဖြဲ႕အစည္းမ်ားအား လားလာခြင့္ ကန႔္သတ္ပိတ္ပင္ ထားျခင္း၊ ကုန္စည္ စီးဆင္းမႈ လမ္းေၾကာင္းမ်ားအား ပိတ္ဆို႔ထားျခင္းတိေၾကာင့္ ေရရွည္မွာ စားနပ္ရိကၡာရဟိရီး၊ က်န္းမာရီး၊ နီထိုင္ရီးနန႔္ အေထြေထြ အခက္အခဲမ်ားစြာဟိလာႏိုင္ပါသည္” ဟုေလ့ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
“၂၀၂၂ခုႏွစ္၊ဩဂတ္စ္လ(၁၃) ရက္နိတြင္ျဖစ္ပြားခေသာ ရကၡိဳင္၊ ပလက္ဝေဒသအတြင္းတိုက္ပြဲမ်ားေနာက္ပိုင္းမွစ၍အက်အဆုံးမ်ားၿပီး အထိနာနီေသာ ျမန္မာစစ္တပ္သည္ ရီခ်မ္းျပင္-အငူေမာ္-ေမာင္ေတာလမ္းနန႔္ေမာင္ေတာ-ႀကိမ္ေခ်ာင္း(ေျမာက္ဘက္ပိုင္း)လမ္းတြင္ ျပည္သူမ်ားခရီးလားလာမႈနန႔္ ကုန္စည္စီးဆင္းမႈကို ပိတ္ထားလိုက္သည္။ တၿပိဳက္နက္တည္းတြင္ စစ္ေတြအျမန္ရီ ယာဥ္ဆိပ္၊ ရီခ်မ္းျပင္ဆိပ္နန႔္ ေမာင္ေတာ-ဘူးသီးေတာင္ လမ္းမ်ားတြင္ စစ္ဆီးျခင္းမ်ားကို အယင္ကထက္ ပို၍ တင္းၾကပ္စြာလုပ္ေဆာင္ လ်က္ရွိသည္”ဟုေလ့ ULA က ဆိုသည္။
ယင္းနည္းတူ “၂၀၂၂ ခုႏွစ္၊ ၾသဂတ္စ္လ (၂၀) ရက္နိမွစၿပီး ဘူးသီးေတာင္အၿခီစိုက္ ျမန္မာစစ္တပ္၏ ဗ်ဴဟာဂိတ္မွ ဘူးသီးေတာင္-ေမာင္ေတာသို႔ ကုန္စည္ကူးသန္းေရာင္းဝယ္မႈဆိုင္ရာ ကိစၥရပ္မ်ားကို ပိတ္ပင္တားျမစ္ကာ ကုန္စည္ရိကၡာစီးဆင္းျခင္း လုံးဝျဖတ္ ေတာက္လိုက္ေၾကာင္း၊ ယင္းအျပင္ ေမာင္ေတာ-အငူေမာ္ ကားလမ္းေၾကာင္းတေလွ်ာက္ ေမာင္ေတာၿမိဳ႕နယ္ ေတာင္ဘက္ပိုင္း ေက်း႐ြာမ်ားနန႔္ ေမာင္ေတာၿမိဳ႕နယ္ေျမာက္ပိုင္း ေက်း႐ြာမ်ားသို႔ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ စားနပ္ရိကၡာျဖန႔္ဝီရီး လုပ္ေဆာင္နီကတ္သည့္ အဖြဲ႕အစည္းမ်ားကိုေလ့ ျမန္မာစစ္တပ္မွ လားလာခြင့္မ်ား ကန႔္သတ္ပိတ္ပင္လိုက္ေၾကာင္း” ထုတ္ျပန္ခ်က္ တြင္ေဖာ္ျပထားသည္။
ယင္းအျပင္ ရကၡိဳင္၊ ပလက္ဝေဒသ၌ လြန္ခေသာ သုံးေလးႏွစ္အတြင္း ျဖစ္ပြားခသည့္ တိုက္ပြဲမ်ားေၾကာင့္ အဆိုပါေဒသမ်ားမွ စစ္ဖီး ေယွာင္ျပည္သူေပါင္း (၆၀၀၀၀) ခန႔္မွာ စစ္ဖီးေယွာင္စခန္းအသီးသီး၌ နီထိုင္လ္ဟိနီေၾကာင္း၊ ယင္းနည္းတူေဒလအတြင္း တိုက္ပြဲမ်ား ေၾကာင့္ စစ္ဖီးေယွာင္ဦးေရ (၁၆၂၂)ဦး ထပ္မံတိုးလာခရျပန္ေၾကာင္း၊ အျခားတဖက္တြင္ ၂၀၂၁ ခုႏွစ္အတြင္း အဆိုပါ စစ္ဖီးေယွာင္မ်ား အနီနန႔္ မိမိရပ္႐ြာေဒသမ်ားသို႔ အိမ္ျပန္ႏိုင္ရန္ အခြင့္အလမ္းမ်ားဟိေကေလ့ ျမန္မာစစ္တပ္မွ တိုက္ပြဲကာလမ်ားအတြင္းစည္းကမ္း မဲ့စြာေထာင္ထားခေသာ စြန႔္လႊတ္မိုင္း၊ နင္းမိုင္းမ်ား၏ အႏၲရာယ္ေၾကာင့္နီရပ္ျပန္ႏိုင္မည့္ အခြင့္အေရးဆုံးယႈံးကာ စစ္ဖီးေယွာင္ စခန္း မ်ားတြင္ ဆက္လက္နီထိုင္နီရၿပီး စားနပ္ရိကၡာ၊လူမႈစီးပြားအခက္အခဲမ်ားနန႔္ ဆက္လက္ရင္ဆိုင္နီရေၾကာင္းေလ့ ရကၡိဳင္အမ်ိဳးသား အဖြဲ႕ခ်ဳပ္ ULA ၏ ေဒနိ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္ကို တြိဟိရပါသည္။


