
APM ၊ ဂျူလိုင် ၂၃ / ၂၀၂၃
၂၀၂၃ ခုနှစ်အတွင်း ရက္ခိုင်ပြည် မြို့နယ်များ၌ သွီးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားလူ ၉၆၃ ယောက်ဟိပြီး၊သီဆုံးလူ ၆ ယောက် ဟိကြောင်း ကျန်းမာရီးဌာနက ဆိုသည်။
ဒေနှစ် ဂျန်နဝါရီမှ ဂျုန် ၃၀ရက်နိအထိ ရက္ခိုင်ပြည်တဝန်း သွီးလွန်တုပ်ကွေးဖြစ်ပွားလူ ၄၀၀ ကျော်ဟိရာမှ ဂျူလိုင် ၂၁ ရက်နိတွင် ရောဂါဖြစ်ပွားလူ ၉၆၃ ယောက်အထိ ဟိလာသည်။ ယင်းအနက် ၆ယောက်မှာ အသက်ဆုံးယှုံးခရသည်။
မြို့နယ်အလိုက် သွီးလွန်တုပ်ကွေးဖြစ်ပွားမှုမှာ – စစ်တွေ ၁၇၀ ယောက်၊ ပုဏ္ဏားကျွန်း ၄၉ ယောက်၊ ပေါက်တော ၅၇ ယောက်၊ ရသေ့တောင် ၁၅ ယောက်၊ မြောက်ဦး ၃၃ ယောက်၊ကျောက်တော် ၄၉ယောက်၊မင်းပြား၂၇ ယောက်၊ မြေပုံ ၇ ယောက်၊မောင်တော ၁၅ ယောက်၊ ဘူးသီးတောင် ၄၀ယောက်၊ကျောက်ဖြူ၂၀၆ယောက်၊ရမ်းဗြဲ၁၈ယောက်၊ သံတွဲ ၆၄ ယောက်၊ ဂွ ၁၆ ယောက်၊ အမ်း ၁၅ ယောက်၊ တောင်ကုတ် ၁၆၄ ယောက်နန့် မာန်အောင် ၁၈ ယောက်ရို့ ဖြစ်သည်ဟု ကျန်းမာရီးဌာန စာရင်းများအရ သိရသည်။
သီဆုံးလူများမှာ ပုဏ္ဏားကျွန်း ၃ ယောက် ၊တောင်ကုတ် ၁ ယောက်၊မြေပုံ ၁ယောက်နန့်ပေါက်တော ၁ယောက်ရို့ ဖြစ် သည်။ ၆ယောက်စလုံးမှာ အသက် ၁၅နှစ်အောက် အချေ များဖြစ်ကတ်သည်။
သွီးလွန်တုပ်ကွေးရောဂါမှာ ၁၅ နှစ်အောက် အချေများ၌ အဖြစ်များပြီး နောက်ပိုင်းသက်ကြီးပိုင်းများတွင်လေ့ ဖြစ် ပွားမှုများ တွိလာရသည်။
အဖျားကြီးခြင်း၊ ပြင်းထန်စွာခေါင်းကိုက်ခြင်း၊ကြွက်သားနန့် အဆစ် အမြစ် ကိုက်ခြင်း၊ မျက်လုံးနာခြင်း၊ ဝမ်းနာ၊ဝမ်းအောင့်ခြင်း၊ ပျို့အန်ခြင်းနန့် ခန္ဓာအနှံ့ အနီကွက်ပေါ်ခြင်းများမှာသွီးလွန်တုပ်ကွေးရောဂါ ၏လက္ခဏာများဖြစ် သည်။
သွီးလွန်တုပ်ကွေးရောဂါသည် ခြင်ကျားကိုက်ခံရခြင်းမှ တဆင့်ဖြစ်ပွားတတ်ပြီး တခါတရီ အသက်သီဆုံးနိုင်၍ ရောဂါဖြစ်ပွားလာပါက ဆီးရုံ၊ ဆီးခန်းများသို့ အယင်ဆုံးလားရောက်ကုသကတ်ရန်ကျန်းမာရီးဌာနမှ အသိပီးထားသည်။
