APM၊ ဂျူလိုင် ၂၃/ ၂၀၂၃
စစ်အာဏာသိမ်းပြီးချိန်မှစ၍ ကရင်နီပြည်တွင် မြန်မာစစ်တပ်၏ ဖမ်းဆီးသတ်ဖြတ်မှုကြောင့် သီဆုံးသည့် အရပ် သား ၄၀၀ ကျော်ဟိလာကြောင်း ကရင်နီလူမှုအသင်းအဖွဲ့ များကွန်ရက်(KCSN)ကထုတ်ပြန်သည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ရက်နိမှ ဒေနှစ်(၂၀၂၃ခုနှစ်)၊ဂျူလိုင် ၁၆ ရက်နိအထိ သတ်ဖြတ်ခံရသည့် အရပ်သား ၄၀၆ ယောက် ဟိခပြီး ယင်းအထဲတွင် ဂျူလိုင် ၃ ရက်နိမှ ၁၆ ရက်နိအတွင်း ၅ ယောက် သတ်ဖြတ်ခံခရသည်ဟု KCSN ၏ ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။
အဆိုပါကာလအတွင်း အဖမ်းခံရသည့် အရပ်သား ၃၅၅ ယောက် ဟိပြီး၊ ထိခိုက်ဒဏ်ရသည့် အရပ်သားမှာ ၄၄၂ ယောက် ဟိကြောင်း ဖော်ပြသည်။
ကရင်နီပြည် တိုက်ပွဲများအတွင်း မြန်မာစစ်တပ်မှ လက် နက်ကြီးပစ်ခတ်ခြင်း၊လီကြောင်းပစ်ခတ်ခြင်းနန့် မီးတိုက် ခံရခြင်း များကြောင့် လွိုင်ကော်၊ ဒီးမော့ဆို၊ ဖယ်ခုံ၊ဖရူဆို၊ ဘောလခဲ၊သျှားတောနန့် ဖားဆောင်းမြို့နယ်ရို့တွင် နီအိမ် အဆောက်အအုံ ၁၂၆၅ လုံး ပျက်စီးဆုံးယှုံးခသည်ဟု ဆို သည်။
ယင်းအပြင် တိုက်ပွဲများကြောင့် အိုးအိမ်စွန့်ခွာထွက်ဗြီးနီရသူ ၂၃၂၆၁၅ ယောက်ဟိပြီး ယင်းအထဲတွင် ထိုင်းနိုင်ငံသို့ ထွက်ဗြီးတိမ်းယှောင်လားသူ ၅၀၀၀ဟိကြောင်း KCSN ၏ ထုတ်ပြန်ချက်အရ သိဟိရသည်။
Photo – KCSN