
APM၊ ဂျူလိုင် ၂၃/ ၂၀၂၃
ဘင်္ဂလားဒေ့ချ်နိုင်ငံ၊ ကော့ဇ်ဘဇားခရိုင်ဟိ တောင်ကုန်းတခုတွင် ဂျူလိုင် ၂၁ ရက်နိက ARSA အဖွဲ့၏ ထိပ်တန်း တပ်မှူး တယောက်အပါအဝင် ARSA အဖွဲ့ဝင် ၆ယောက်ကို ဘင်္ဂလားဒေ့ချ်ရဲတပ်ဖွဲ့၏ အကြမ်းဖက်မှုဆိုင်ရာ ရဲတပ်ရင်း (RAB)က ဖမ်းဆီးလိုက်သည်။
ဖမ်းဆီးခံရသည့် ARSA အဖွဲ့၏ တပ်မှူးမှာ အသက် ၂၈ နှစ်အရွယ် ဟာဖေ့ဇ်နူယာ မိုဟာမက်ဖြစ်ပြီး ၎င်းနန့်တတူ ARSA တပ်ဖွဲ့ဝင် ၅ယောက်ကို RAB အဖွဲ့က ဂျူလိုင် ၂၁ ရက်နိ မှ ၂၂ရက်နိ မိုးထပိုင်းအထိ စီးနင်းတိုက်ခိုက်ကာ လက်နက်ခဲယမ်း များနန့် ဖမ်းဆီးရမိခခြင်း ဖြစ်သည်။
ကျန်သည့် ဖမ်းဆီးခံရလူ ARSA တပ်ဖွဲ့ဝင် ၅ယောက်မှာ အသက် ၃၀ အရွယ် ဟူစိန်ဂျိုဟိုး၊ ၂၃ နှစ်အရွယ် မိုဟာမက် ဖာရက်၊ ၃၆ နှစ်အရွယ် မိုနာအာမက်၊၂၆ နှစ်အရွယ် နိုအစ္စလာမ် နန့် ၂၁ နှစ်အရွယ် ယာဆင်ရို့ဖြစ်ပြီး ၎င်းရို့အားလုံးသည် ARSA တပ်ဖွဲ့ဝင် ဂေါင်းဆောင်နန့် တပ်ဖွဲ့ဝင်များဖြစ်သည်ဟု ဆိုသည်။
ဟာဖေ့ဇ်သည် တပ်ဖွဲ့ဝင် ၃၅ယောက်ပါဝင်သည့်ရာဇဝတ် ဂိုဏ်းတခုကို ဦးဆောင်ပြီး ကူတူပလောင်ဒုက္ခသည်စခန်း နန့် ယင်းနီရာတဝိုက်တွင် လူသတ်မှု၊ ပြန်ပီးဆွဲမှု၊ ငွေညှစ်မှု၊ မုဒိမ်းမှု စသည့် ရာဇဝတ်မှုများကို ကျူးလွန်နီသူများဖြစ်သည်။
အဆိုပါ ARSA အဖွဲ့ဝင်များသည် လူသတ်မှုနန့် ပြန်ပီးဆွဲခြိမ်းခြောက်မှုများဖြင့် ဒေသခံများအား ငွေညှစ်လိဟိပြီး ၎င်းရို့၏ တောင်းဆိုချက်များကို မလိုက်နာပါက ရက်ရက်စက်စက် သတ်ဖြတ်ကာ အလောင်းများကို တောင်ကုန်းများတွင် ဝှက်ထား လိဟိကြောင်း သိရသည်။
ယင်းအပြင် ယင်း ARSAအဖွဲ့သည် နယ်စပ်ဒေသများမှတဆင့် တဖက်နိုင်ငံမှ လက်နက်များ ခိုးသွင်းကာ ဒေသတွင်းဟိ တခြား ရာဇ၀တ်ဂိုဏ်းများကို ပီးနီသည့်အဖွဲ့ဖြစ်သည်ဟုလေ့ ဆိုသည်။
ဟာဖေ့ဇ်နူယာ မိုဟာမက်သည် ၂၀၁၆ခုနှစ်တွင် ARSA၏ တပ်မှူးအဖြစ် တာဝန်ယူခပြီး ၂၀၁၇ ခုနှစ်တွင် ဘင်္ဂလားဒေ့ချ့် နိုင်ငံသို့ ရောက်ဟိလာကာ စခန်း ၈ ခုကိုတာဝန်ယူလျက် ကူတူပလောင်ဒုက္ခသည်စခန်းဟိ ARSA ထိပ်တန်းတပ်မှူး တယောက်ဖြစ်လာကြောင်း သိဟိရသည်။
Source – Commander of ARSA, five members held in Teknaf/ The Daily Star
ARSA commander among six held in Coxs Bazar/ Bangladesh Post
Photo – The Daily Star
