
APM ၊ဂျူလိုင် ၂၃ / ၂၀၂၃
စစ်တွေ၊ ရသေ့တောင်၊ ဘူးသီးတောင်နန့် မောင်တော မြို့နယ်များမှဒေသခံပြည်သူများ အဓိက အသုံးပြုလားလာနီရ သည့်အငူမော်ဆိပ်ခံတန်းထားမှာမုန်တိုင်းဒဏ်ကြောင့်ပြိုကျပျက်စီးလားခသဖြင့် ပြည်သူများ အန္တရာယ်ကင်းစွာ လားလာနိုင်ရီး အယင်ဆုံး ပြုပျင်ရန် လိုအပ်လျက်ဟိသည်။
Mocha ဆိုင်ကလုန်းမုန်တိုင်းတိုက်၍ နှစ်လကျော် ကြာလာသည့် ဒေနိအထိ ပြိုကျပျက်စီးနီသော အငူမော်တန်းထားကို မပြုပျင်ဘဲထား၍ ဒေသခံ ခရီးလား ပြည်သူများ လားလာရီးခက်ခဲနီခြင်းဖြစ်သည်။
အထူးသဖြင့် ကုန်စည်သယ်ယူပို့ဆောင်ရီးတွင် ကုန်တင် ကုန်ချလုပ်ဆောင်နီကတ်ရသည့် အလုပ်သမားများမှာ ယင်းတန်းထားအပျက်ကြောင့် ဆိုးဆိုးဝါးဝါး အခက်ကြုံနီကတ်ရသည်။
ယင်းအပြင် အချေသူငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များနန့် သက်ကြီးရွယ်အိုများ အတက်အဆင်း ပြုလုပ်ရာတွင် အထူးအန္တရာယ်ဟိကြောင်း ဒေသခံများက ဆိုသည်။
အလျား ၄၅ပေ၊အနံ ၃၀.၅ ပေဟိ အဆိုပါငူမော်တန်းထားကို နိုင်ငံတကာအဖွဲ့အစည်းများဖြစ်ကတ်သည့် Bridge Asia Japan(BAJ)နန့် WFP ရို့ က ၂၀၀၅ ခုနှစ်တွင်စတင် ဆောက်လုပ်ခကြောင်း သိဟိရသည်။
Photo – Mg Thar Phru (Facebook)
