
APM၊ ဂျူလိုင် ၂၃/ ၂၀၂၃
မြန်မာငွေ နှစ်သောင်းကျပ်တန် ငွေစက္ကူသစ်ကို လာမည့် ဂျူလိုင် ၃၁ရက်နိတွင် စထုတ်လားမည်ဖြစ်ကြောင်း စစ်ကောင်စီ ၏ မြန်မာပြည်ဗဟိုဘဏ်က ဒေနိ(ဂျူလိုင် ၂၃ ရက်) နိတွင် ကြေညာသည်။
နီပြည်တော် မာရဝိဇယရုပ်ပွားတော်တည်ဆောက်ပြီးစီးခြင်းနန့် စစ်ကောင်စီမှ ဆင်ဖြူတော်ဟု သမုတ်ကာ ရဋ္ဌနန္ဒက နာမည်ပီးထားသည့် ဆင်၏ တနှစ်ပြည့်မွီးနိ အထိမ်းအမှတ် နှစ်သောင်းတန် ငွေစက္ကူသစ်ကို ထုတ်ဝီမည်ဟု စစ်ကောင်စီက ဆိုထားသည်။
အလျား ၁၅ စင်တီမီတာ၊ အနံ ၇ စင်တီမီတာဟိ အစိမ်းနုရောင်အဆိုပါငွေစက္ကူသစ်ကို မြန်မာပြည်၏ဟောင်းနွမ်း ၍ သုံးစွဲရန်မသင့်သည့် ငွေစက္ကူများနန့်တန်ဖိုးတူလဲလှယ် ဖြန့်ဝီလားမည်ဟု သိရသည်။
Photo – မြဝတီ

Please follow and like us: