APM ၊ ဂျူလိုင် ၂၃ / ၂၀၂၃
ပြီးခသည့် ရာသီက မြို့ခံပြိုင်ဖက် မန်ယူအသင်း ၏ ၁၉၉၉ ခုနှစ် တင်ထားသည့် ဖလားသုံးစံချိန်ကို လိုက်မီခကေလေ့ လာမည့်ရာသီ၌ ချန်ပီယံဆုများနန့်အတူ အောင်မြင်မှုများ ပိုရဖို့ ဆာလောင်မွတ်သိပ်နီကြောင်း မန်စီးတီးနည်းပြ ဂွါဒီယိုလာက ဂျူလိုင် ၂၂ ရက်တွင် ပြောကြား လိုက်သည်။
နည်းပြ ဂွါဒီယိုလာက “အသင်း၏ အောင်မြင်မှုစွာ ရက်ပြတ် မတည်မြဲနိုင် ဆိုစွာတော့ သိပါရေ။ ယေကေလေ့ အသင်းကို ကျနော်တောင်းဆိုပါရေ။ တဆင့်ပြီးတဆင့် ထပ်ကြိုးစားပနာ စည်းချက်ညီမှုနန့် အောင်မြင်မှုတိ ထပ်ယူလားကတ်ဖို့ ဟု ယိုကိုဟားမား အသင်းနန့် ရာသီကြိုခြီစမ်းပွဲမတိုင်ခင် ပြောဆိုသည်။
ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ် နန့် FA ဖလား ချန်ပီယံ မန်စီးတီးသည် ဂျူလိုင် ၂၆ ရက်နိတွင် ဘိုင်ယန်မြူးနစ် နန့် တိုကျိုတွင် ခြီစမ်းပွဲ ကဇတ်မည်ဖြစ်ပြီး ဂျူလိုင် ၃၀ ရက်နိတွင် အက်သလက်တီကိုမက်ဒရစ်နန့် ဆိုးလ်မြို့၌ ထပ်၍ ယှဥ်ပြိုင် ကဇတ် လားမည် ဖြစ်သည်။
ယင်းနောက် ဩဂတ်စ် ၆ ရက်နိ အာဆင်နယ်နန့် ကွန်မြူနတီဒိုင်းပြိုင်ပွဲကို ရင်ဆိုင်ကဇတ်ရမည်ဖြစ်ပြီး ၂၀၂၃-၂၄ ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲစဥ်ကိုတော့ တန်းတက်လာသည့် ဘန်လေအသင်းနန့်သြဂတ်စ်လ ၁၂ရက်နိမှာစတင် ကဇတ်မည်ဖြစ်ကြောင်း သိရသည်။
Source- Guardiola said he is hungry for more success next season/Reuters
Photo- UEFA.com