APM ၊ ဂျူလိုင် ၂၃ / ၂၀၂၃
မင်းပြားမြို့နယ်၌ ဘုတ်မြုပ်ရာတွင် ရီမြုပ်ပျောက်ဆုံးနီခလူ၏ရုပ်အလောင်းအား အေနိ ဂျူလိုင် ၂၃ ရက်နိတွင် ရှာတွိကြောင်း သတင်းရဟိသည်။
သီဆုံးလူမှာ မြောက်ဦးမြို့နယ်၊ မြောက်ချောင်းကျေးရွာမှ အသက် ၅၀ကျော်အရွယ် ဦးအပိန်ချေ ဖြစ်သည်။
ဦးအပိန်ချေ မှာ ဂျူလိုင် ၂၁ ရက်နိက မြောက်ဦးမြို့နယ် မြောက်ချောင်းကျေးရွာမှ မိသားစု ၅ ယောက်နန့် တတူ မင်းပြားမြို့နယ် လက်မရွာသို့ ဘုတ်နန့်လားစဉ် ဗူးတလုံးချောင်းနား ပန်းမော်မြစ်အရောက်တွင် ဘုတ်မြုပ်လား၍
ဦးအပိန်ချေ ပျောက်ဆုံးနီခခြင်း ဖြစ်သည်။
ယင်းနောက် ၎င်း၏အလောင်းအား ULA ရဲတပ်ဖွဲ့မှ အေနိ ဂျူလိုင် ၂၃ ရက်နိမှာ ဗူးတလုံးချောင်းနား၌ တွိဟိခပါသည်။
ရက္ခိုင်တွင် ပြီးခသည့် ဂျူလိုင် ၂၀ ရက်နိ တရက်တည်း၌ ပေါက်တောမြို့နယ် င/ပြီတက်ရွာမှ ဆယ်ကျော်သက် အချေနှစ် ယောက်နန့် မင်းပြားမြို့နယ် သရဂူရွာဟောင်း ( ချင်းရွာ)မှ အသက် ၈၀အရွယ် သက်ကြီးပိုင်းတယောက် ရီမြုပ် သီဆုံးခရသည်။
ယင်းအပြင်ဂျူလိုင် ၁၈ ရက်နိကလေ့ မင်းပြားမြို့နယ်၌ ရီမြုပ်သီဆုံးနီသည့် အလောင်းတလောင်းကို တွိဟိခပြီး ဂျူလိုင်လ ၁၇ ရက်နိကလေ့ ကျောက်ဖြူမြို့ ကလဘာတောင်ရပ်ကွက် လမ်းဘေးရီမြောင်းတခုတွင်ဒဏ်ရာများ နန့်သီဆုံးနီသည့်အလောင်းတလောင်းကိုတွိခရကြောင်း သိရသည်။