APM၊ ဂျူလိုင် ၂၃/ ၂၀၂၃
ပြည်ပနိုင်ငံများတွင် အလုပ်လုပ်ကိုင်ရန် ဝန်ဆောင်မှုပီးနီသည့်ပြည်ပအလုပ်အကိုင်အေဂျင်စီ၂၅ ခုကို ရာသက်ပန် လိုင်စင် ပိတ်သိမ်းလိုက်ကြောင်း စစ်ကောင်စီ၏ အလုပ် သမားဝန်ကြီးဌာနက ဂျူလိုင် ၂၂ရက်နိ ထုတ်ပြန်သည်။
အဆိုပါ ရာသက်ပန်လိုင်စင်ပိတ်သိမ်းခံလိုက်ရသည့် အေ ဂျင်စီကုမ္ပဏီများသည် အလုပ်းသမားများထံမှ ကြိုတင်ငွေယူခြင်း၊သတ်မှတ်ချိန်အတွင်း အလုပ်အကိုင်များအား ရှာဖွီပီးမှုမဟိသဖြင့် အလုပ်သမားများ၏ တိုင်ကြားချက်များမှတဆင့် ပိတ်သိမ်းလိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။
အဆိုပါ ပိတ်သိမ်းခံလိုက်ရသည့် အေဂျင်စီကုမ္ပဏီ ၂၅ခုမှာ Kyaw Kyaw Naing Family Technical Co.ltd၊ Linn Unity General Services Co.ltd၊Dynami Global၊ Shwinn၊ Myint Myat Moe၊ Oryx international၊ Dagon pan Cherry၊ Myanmar Global Manpower Llink၊ Yan Aye Services ၊ United General international ၊ khit Thit san services၊ Alai pine Thar General Services ၊ Moe Shwe sin၊ United Academy point ၊ Zwe Thu kha ၊ Shan Taung Tann Servicas ၊ Swan Ahr Tagun Servicas၊ OTA Gloden Family ၊ kyi Ahrmann General Services၊ san yake Nann Limited ၊ property World ၊ Asia Shwe oh International co၊ 7star High၊ Lu kyaw၊ Myint Mo phu pwint စသည့် ကုမ္ပဏီအေဂျင်စီများဖြစ် ကြောင်း ဖော်ပြထားသည်။
လက်ဟိတွင် မြန်မာပြည်အတွင်း၌ ပြည်ပအလုပ်အကိုင်အကျိုးဆောင် လုပ်ငန်း အတွက် လိုင်စင်ရယူထားသည့် အေဂျင်စီ ကုမ္ပဏီပေါင်း ၄၄၅ ခုဟိနီသိမ့်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
Photo – အလုပ်သမားဝန်ကြီးဌာန