APM ၊ ဂျူလိုင် ၂၃ / ၂၀၂၃
မလေးသျှားနိုင်ငံ၊ ဆာရာဝတ်ပြည်နယ်၊ ဆီးဘိုင်ယာမြို့၊ ပူလိုဘူရမ်ကျွန်း အနောက်မြောက်ဖက် ရီမိုင် ၄၀ လောက်အကွာ၌ ဂျူလိုင် ၂၀ရက်နိက ကုန်တင်သင်္ဘောတစင်းနစ် မြုပ်မှုကြောင့် ပျောက်နီခသည့် သင်္ဘောသား ၄ ယောက်၏ ရုပ်လောင်း များကို ဂျူလိုင် ၂၂ ရက်နိတွင် ကယ်ဆယ်ရီးသမားများက ရှာတွိခကြောင်းသိရသည်။
ဆာရာဝတ် ပြည်နယ်၏ မလေးသျှား ရီကြောင်းတရားဥပဒေစိုးမိုးရီးအေဂျင်စီ (MMEA) ၏ ရီကြောင်းညွှန်ကြားရီးမှူး Zin Azman Md Yunus က သီဆုံးသူများ၏ ရုပ်အလောင်းများမှာ ပျက်စီးနီယာဖြစ်သည့်အတွက် မည်သူမည်ဝါ မသိရသိမ့်ဟု ဆိုသည်။
ဂျူလိုင် ၂၂ရက်နိ၊ နိခင်း ၁ နာရီကျော်လောက်က ပူလိုဘူရမ်ကျွန်းအရှိမြောက်ဖက် ရီမိုင်၁၅မိုင်အကွာ အလောင်း ၃ လောင်း ကို တွိဟိခပြီး နောက်ထပ်အလောင်း ၁ လောင်းကို ညဇာ ၅ နာရီကျော်တွင် တွိခရသည်။
လက်ဟိတွင် အဆိုပါရုပ်အလောင်းများကို ဆာရာဝတ် အထွေထွေဆီးရုံကြီးသို့ ပို့ဆောင်ထားကြောင်း သိဟိရသည်။
သင်္ဘောမြုပ်မှုအတွင်း ပျောက်ဆုံးခသူများမှာ အသက် ၂၀ မှ ၅၂ နှစ်ကြား အရွယ်ဟိသူများဖြစ်ပြီး မြန်မာပြည်သား ၄ယောက်၊ မလေးသျှားနိုင်ငံသား ၄ယောက်နန့် အင်ဒိုနီးသျှားနိုင်ငံသား ၁ယောက်ဖြစ်ကြောင်း သိဟိရသည်။
Source – Four bodies recovered in waters off Pulau Burung/ The Star
Photo- New Straits Times