APM၊ ဂျူလိုင် ၂၃/၂၀၂၃
ပေါက်တောမြို့နယ်၊ ကျေးရွာတချို့တွင် “မိတ္တာစိတ်ပိုင်းဆိုင်ရာ ကနဦးဆွေးနွေးမှုအဖွဲ့”က မုန်တိုင်းဒဏ်သင့်ပြည်သူများအား စိတ်ပိုင်းဆိုင်ရာဆွေးနွေးမှုများကို ဂျူလိုင်လ ပထမအပတ်မှစတင် ပြုလုပ်လျက်ဟိကြောင်း သိရသည်။
ပေါက်တောမြို့နယ်မှ ရီပဒေ၊မြင့်ဂါ(ရွာသစ်/ရွာဟောင်း)၊ပြားသူကြွယ်၊တောင်းဖူး၊နတ်တောင်ပြင်၊ကျောက်ဆိပ်၊ကျော်ရှင်၊ငခြူရှည်၊လက်မယာ စသည့်ကျေးရွာများတွင် မုန်တိုင်းသင့်ပြည်သူများအား မိတ္တာအဖွဲ့က စိတ်ပိုင်းဆိုင် ရာဆွေးနွေးမှုများ ပြုလုပ်ခကတ်သည်။
Mocha ဆိုင်ကလုန်းမုန်တိုင်းကြောင့်အာရက္ခပြည်သူများ အသက် အိုးအိမ် စည်းစိမ် ပျက်စီး ဆုံးယှုံးခသည့်အပြင် ကြောက်မက်ဖွယ်ရာ ဆုံးယှုံးမှုများကြုံခရ၍ ဝမ်းနည်းကြီကွဲခြင်း၊ စိတ်မကောင်းဖြစ်ရခြင်း၊ နောက်ဆုံး လူ့ဘဝမှာ မနီချင်လောက်အောင် စိတ်ဝေဒနာများဖြစ်ပေါ်ပြီး မိမိကိုယ်ကိုမိမိသတ်သီဖို့အထိ ကြိုးစားခြင်းများအား စိတ် ကျန်းမာရီးရှူထောင့်မှ စိတ်ပိုင်းဆိုင်ရာနှစ်သိမ့်ပီးရန်လိုအပ်သည်ဟုယူဆကာ မိတ္တာအဖွဲ့မှ အဂုပိုင်အကောင် အ ထည်ဖော်ဆောင်ရွက်နီခြင်း ဖြစ်ပါသည်။
မုန်တိုင်းဒဏ်ကြောင့် စိတ်ပိုင်းဆိုင်ရာအခက်အခဲများနန့်လူတိုင်းလိုလို ရင်ဆိုင်နီကတ်ရချိန်မှာ စိတ်ကို အကောင်းမြင် စိတ်ဖက်သို့ပြောင်းလဲ၍ ရှိဆက်နိုင်အောင်ခွန်းအား၊အတွေးအခေါ်များပီးနိုင်သောကြောင့် မိတ္တာအဖွဲ့မှဟောပြော သူများအား ကျေးဇူတင်ကြောင်း လက်မယာရွာသားတယောက်က ပြောသည်။
အလားတူ ကျောက်ဆိပ်ကျေးရွာမှ လူငယ် တယောက်ကလေ့ “မိတ္တာအဖွဲ့၏ ဟောပြောချက်ကြောင့် စိတ်ဓာတ်ကျ ၍ လမ်းပျောက်နီသည့် မိမိအနေဖြင့် လက်ဟိအခြေအနီ တွင် ကျော်ဖြတ်ရမည့် နည်းလမ်းများကို သိမြင်လာပြီး စိတ် ဓာတ်ကြံခိုင်မှုဟိလာသည်’ဟု ဆိုပါသည်။
မိတ္တာစိတ်ပိုင်းဆိုင်ရာ ကနဦးဆွေးနွေးမှုအဖွဲ့သည် ကုန်ခ သည့် ဂျုန်လကလေ့ ရသေ့တောင်နန့် ဘူးသီးတောင်မြို့ နယ်မှကျေးရွာများတွင် မုန်တိုင်းဒဏ်သင့်ပြည်သူများအား စိတ်ပိုင်းဆိုင်ရာဆွေးနွေးမှုများကို ပြုလုပ်ခကြောင်း
သိဟိရသည်။