APM ၊ ဂျုန် ၂၃/၂၀၂၂
မောင်တောမြို့နယ်က ပြန်ပီးဆွဲခံထားရရေ ကျောင်းအုပ်နန့်ကျောင်းဆရာမ ပြန်လွတ်လာပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့စ်ဘဇားခရိုင်၊ နတ်မြစ်ကမ်းခြီက “ခြံချောင်း” ရခိုင်ရွာ၌ ရောက်နီကြောင်း သိရပါသည်။
ပြန်ပီးဆွဲခံရသူ ၂ ယောက်မှာ မောင်တောမြို့နယ်၊ သင်္ဘောလှကျေးရွာ၊ မူလတန်းလွန်ကျောင်း၌ တာဝန်ထမ်းဆောင်နီသည့်ကျောင်းအုပ်ဆရာကြီး ဦးဘိုဝင်းနန့်လက်ထောက်ဆရာမဒေါ်ဥမ္မာကျော်ရို့ဖြစ်ကတ်ပြီး၊သူရို့ ၂ယောက်သည် ကုန်ခသည့်ဂျုန် ၁၆ ရက်နိနိခင်းပိုင်းက သင်္ဘောလှကျေးရွာမှမောင်တောမြို့သို့ ဆိုင်ကယ်ဖြင့်လားစဥ် လမ်းခုလတ် မှာပြန်ပီးဆွဲခံရ၍ ပျောက် ဆုံးလားခြင်းဖြစ်သည်။
၎င်းရို့ ၂ ယောက် လွတ်မြောက်ဖို့အတွက် ကြိုးပမ်းဆောင်ရွက်နီသည့် နံ့သာတောင်ဆရာတော် ဦးစာရဏ၏ ပို့စ်၌လည်း ၎င်းရို့ ၂ ယောက် ပြန်လွတ်လာပြီး၊ ခြံချောင်းရွာ၌ လဘက်ရည် သောက်နီကြောင်း ဖော်ပြထားသည်။
(Zawgyi)
APM ၊ ဂျုန် ၂၃/၂၀၂၂