APM၊ ဂျုန် ၂၃/၂၀၂၂
ဒေနိ( ဂျုန် ၂၃ရက်နိ) မွန်းလွဲပိုင်းမှစ၍ စစ်တွေမြို့တွင် စစ်ကောင်စီတပ်က “လူဖမ်းပွဲကြီး” ကျင်းပလျက်ဟိရာ မြို့ပေါ်ရပ်ကွက်များနန့် မြို့နားဝန်းကျင်မှ အပြစ်မဲ့ဒေသခံပြည်သူ အများအပြား ဖမ်းဆီးခံထားရကြောင်း သတင်းရဟိသည်။
ညည့် ၉ နာရီ ဝန်းကျင်အထိ စစ်တွေမှ အပြစ်မဲ့ဒေသခံပြည်သူ ၂၀ ကျော် အဖမ်းခံထားကတ်ရပြီး၊ နောက်ထပ်လေ့ ဆက်ဖမ်းတုန်းဟု သိရသည်။
APM မှ ကောက်ယူရဟိထားသည့် စာရင်းများအရ ဖမ်းဆီးခံထားရသူများမှာ စစ်တွေမြို့၊ ဓညဝတီ(က) ရပ်ကွက်မှ ဦးမောင်ဘီလူး (ခ) ဦးလှထွန်းဝင်း၊ ဆင်ကူးလမ်းရပ်ကွက်မှ ဦးခင်မောင်စော၊ စစ်တွေမြို့နယ် ဗျိုင်းဖြူရွာမှ ဦးဦးဘသိန်းနန့် ဦးဦးဝင်းလှိုင်၊ သက်ကယ်ပြင်(မူဆလင်ရွာ) မှ ဦးဆော်လိမ်(ခ) ဦးမောင်မောင်ခင် ရို့အပြင် အနောက်စံပြရပ်ကွက်မှ ၄ ယောက်၊ ဆပ်ရိုးကျကယ်ဆယ်ရီးမှ ၃ ယောက်၊ မင်းဂံရပ်ကွက်မှ ၅ ယောက်၊ ကုန်တန်းရပ်ကွက်မှ လူငယ်တချို့ ဖြစ်ကတ်ပြီး၊ ကျန်လူများအား ဆက်လက်စုံစမ်းနီဆဲဖြစ်သည်။
ဒေနိနိခင်းပိုင်းမှစ၍ စစ်ကောင်စီတပ်သည် စစ်တွေမြို့ထက်၌ လမ်းဆုံ၊ လမ်းခွများမှာသာမက လူနီအိမ်များကိုပါ ဝင်ရောက် မွှီနှောက်လျက် စစ်ဆီးခြင်း၊ ဖမ်းဆီးခြင်းများကို ဥပဒေမဲ့ ထင်တိုင်းကြဲ လုပ်ဆောင်နီခကတ်သည်။
ညည့် ၉ နာရီကျော်လာသောအခါ အကြမ်းဖက်စစ်ကောင်စီတပ်သည် စစ်တွေမြို့ မင်းဂံရပ်ကွက်သို့ ဝင်ရောက်ပြီး သီနတ်များ ပစ်ဖောက်ကာ ရန်သူ့စခန်းကို ဝင်စီးသည့်ပုံစံဖြင့် ရိုင်းစိုင်းယမ်းကားလျက် အသက်မပြည့်သည့် အချေ သူငယ်များကအစ အပြစ်မဲ့ပြည်သူများကို လက်နက်အားကိုးဖြင့် လူမဆန်စွာ ဖမ်းဆီးနီကတ်ကြောင်း သတင်းရဟိသည်။
(Zawgyi)
စစ်တွေမှာ စစ်ကောင်စီတပ် လူဖမ်းပွဲကျင်းပနီ၊ အပြစ်မဲ့ပြည်သူအများအပြား အဖမ်းခံထားရ
APM၊ ဂျုန် ၂၃/၂၀၂၂
