APM၊ ဂျုန် ၂၃/၂၀၂၂
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA) နန့်ဆက်စပ်သည်ဟုဆိုကာ စစ်ကောင်စီက မတရားဖမ်းဆီးပြီး မြန်မာပြည် အကြည်အညိုပျက်စီမှု ပုဒ်မ ၅ဝ၅(က)ဖြင့် တရားစွဲဆိုထားသည့် ကျောက်ဖြူမြို့ခံ ၂ ယောက် အမှုကို ကျောက်ဖြူမြို့နယ်တရားရုံးက ရုံးချိန်းရွှိဆိုင်းလိုက်ကြောင်းသိရသည်။
မတရားဖမ်းဆီး တရားစွဲခံထားရသူ ၂ ယောက်မှာ ကျောက်ဖြူမြို့စေတီတောင်ရပ်ကွက်မှ ဦးသန်းလှိုင် (၄၁ နှစ်) နန့် ဒေါ်ခင်အုန်းနွဲ့ (၅၆နှစ်) ရို့ ဖြစ်ကတ်ပြီး၊ သူရို့အမှုကို ဒေနိ(ဂျုန် ၂၃ ရက်နိ)မှာ ရုံးထုတ်ခကေလေ့ လိုပြသက်သီများ မရောက်ဟုဆိုကာ စစ်ဆီးခြင်းမပြုဘဲ လာဖို့ ဂျူလိုင် ၇ ရက်နိသို့ ရုံးချိန်းထပ်ရွှိလိုက်သည်ဟု မိသားစုဝင်များက ဆိုသည်။
ဦးသန်းလှိုင်နန့်ဒေါ်ခင်အုန်းနွဲရို့ကို မေ ၂၆ရက်နိတွင် ULA/AA အတွက် ငွေကြေးကောက်ခံသည်ဟု စွပ်စွဲလျက် ကျောက်ဖြူ အခြီစိုက် စစ်ကောင်စီတပ် ခလရ (၃၄) တပ်ရင်းမှ တပ်ဖွဲ့ဝင်များက ဖမ်းဆီးခခြင်းဖြစ်သည်။
ယင်းနောက် သူရို့ကို ခလရ (၃၄)တပ်ရင်းမှ ဗိုလ်ရဲသက်ဇော်က တရားလို ပြုလုပ်၍ ပုဒ်မ ၅၀၅(က)နန့် ကျောက်ဖြူမြို့နယ်တရားရုံးတွင် တရားစွဲတင်ခသည်။ လက်ဟိတွင် သူရို့ ၂ ယောက်ကို ကျောက်ဖြူထောင်ချုပ်မှာ ထိန်းသိမ်းထားဟိပြီး မိသားစုဝင်များနန့် ဒေနိအထိ ထောင်ဝင်စာ တွိခွင့်မပီးသိမ့်ဟု သိဟိရပါသည်။
(Zawgyi)
AA နန့် ဆက်စပ်သည်ဆိုကာ ပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲထားသည့် ကျောက်ဖြူမြို့ခံ ၂ ယောက်အမှု ရုံးချိန်းရွှိဆိုင်း
APM၊ ဂျုန် ၂၃/၂၀၂၂