
APM ၊ မေ ၂၃ /၂၀၂၄
တအာင်းပြည်၊ တပ်မဟာ (၂) စစ်ဒေသ၊ နမ့်ဆန်မြို့မာ မေလ ၂၂ ရက်နိက ကျင်းပခရေ တအာင်းပညာရီးကောင်စီ (TLEC)၏ တလကြာ ဆရာ/ဆရာမ စွမ်းရည်မြှင့် သင်တန်းဆင်းပွဲကို အာရက္ခတပ်တော် AA ၏ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဒေါက်တာညိုထွန်းအောင် တက်ရောက်ချီးမြှင့်ခရေလို့သိရပါရေ။
အဆိုပါ အခမ်းအနားကို အာရက္ခတပ်တော် (AA) ၏ ဒုတိယစစ်ဦးစီးချုပ်ဗိုလ်မှူးချုပ် ဒေါက်တာညိုထွန်းအောင်က (PSLF/TNLA) ၏ အထွေထွေအတွင်းရီးမှူး ဗိုလ်ချုပ် တားဘုန်းကျော်နန့်အတူ တက်ရောက်ခစွာဖြစ်ပါရေ။
ယင်း သင်တန်းဆင်းပွဲအခမ်းနားမာ သင်တန်းကာလအတွင်း ဘာသာရပ်ထူးချွန်ရေ ဆရာ/ ဆရာမတိကို ဆုချီးမြှင့်ပီးအပ်ခပိုင် တေးဂီတတိနန့်ဖျော်ဖြေပီးခရေလို့ သိရပါရေ။
တအာင်းပညာရီးကောင်စီ (TLEC)၏ ဆရာ/ဆရာမ စွမ်းရည်မြှင့်သင်တန်း အပတ်စဥ်(၃) ကို ပြီးခရေ ဧပြီလ ၂၂ ရက်နိက စတင်ဖွင့်လှစ်ခစွာဖြစ်ပနာ မေလ ၂၂ ရက်နိအထိ တလကြာ သင်တန်းပို့ချပီးခစွာဖြစ်ပြီးကေ ဆရာ/ဆရာမ လူဦးရေ (၄၀၀) တက်ရောက်ခကြောင်းသိရပါရေ။




