APM၊ မေ ၂၃/၂၀၂၄
အနာဂတ်အာရက္ခတပ်တော်ကို ဦးစီးဦးဆောင်ပြုနိုင်ရေ၊ လက်ရုံးရည်၊ နှလုံးရည်ပြည့်ဝရေ စစ်သည်တော်ကောင်းတိနန့် စစ်ဖက်ဆိုင်ရာဂေါင်းဆောင်တိ ပေါ်ထွန်းလာဖို့၊ အာရက္ခဒေသနန့်အာရက္ခပြည်သူလူထုကိုကာကွယ်စောင့်ယှောက်ဖို့ စရေ စစ်ရီး၊ နိုင်ငံရီးရည်မှန်းချက်တိနန့် အာရက္ခတပ်တော် (AA) ၊ စစ်ရုံးချုပ်က ဦးဆောင်ကျင်းပရေ အရည်အချင်းပြည့်မီသော အရာဟိလိ ကျင့်ရီးသင်တန်း၊ အမှတ်စဉ် (၃) သင်တန်း ဆင်းပွဲ အခမ်းအနားကို တိုက်ပွဲကာလ၊ စစ်ရီး၊ နိုင်ငံရီး စိန်ခေါ်မှု၊ အခက်အခဲနန့် မိုခါမုန်တိုင်းကြား အာရက္ခမြီပြင်ထက်မာ ၂၀၂၄ ခုနှစ်၊ မေလ (၂၀) ရက်နိက အောင်မြင်စွာ ကျင်းပပြီးစီးနိုင်ခကြောင်း သတင်းရဟိပါရေ။
အာရက္ခတပ်တော်၏ အရာဟိလိကျင့်ရီးသင်တန်း၊ အမှတ်စဉ် (၃)ကို ကုန်ခရေ ၂၀၂၂ ခုနှစ်၊ နိုဗမ်ဘာလ (၁) ရက်နိက သင်တန်းသူ/ သား (၃၂၆) ယောက်နန့် ရက္ခိုင်ပြည်မာ စတင်ဖွင့်လှစ်ခစွာ ဖြစ်ပါရေ။
ယင်းနောက် ဒေအရာဟိတိကို ၂၀၂၃ ခုနှစ်၊ ဂျုန်လ (၁၉) ရက်နိမာ “အရာဟိလောင်း”အဖြစ် အသိအမှတ်ပြုပီးခပြီး ကေ (၁၁) လခန့် အကြာမာမှ အဂုပိုင် သင်တန်းဆင်းနိုင်ခစွာဖြစ်ပါရေ။
အေသင်တန်းစွာ အာရက္ခမြီပြင်မာပထမဆုံးအကြိမ်ကျင်းပပြုလုပ်တေ တနှစ် နန့် ခနစ်လနီးပါးကြာမြင့်ခရေ သင်တန်းဖြစ်ပါရေ။
အာရက္ခတပ်တော်၏ အရာဟိလိကျင့်ရီးသင်တန်းကျောင်းကို (၉) နှစ်မြောက်၊ ရက္ခိုင့်တပ်တော်နိဖြစ်တေ၂၀၁၈ ခုနှစ်၊ ဧပြီလ (၁၀) ရက်နိမာ တပ်တော်နိအခမ်းအနားနန့်တတူ အရာဟိလောင်း လိကျင့်ရီးသင်တန်း အမှတ်စဉ် (၁)ကို ကချင်ပြည်
မာသင်တန်းသူ/ သား (၁၃၈)ယောက်နန့်စတင်ဖွင့်လှစ်ခပါရေ။
ယင်းနည်းတူ အမှတ်စဉ် (၂) ကိုလည်း ကချင်ပြည်မာပင် ဖွင့်လှစ်နိုင်ခပါရေ။
အာရက္ခတပ်တော်၏ အရာဟိသင်တန်း၊ အမှတ်စဉ် (၄)နန့် အခြီခံစစ်ပညာသင်တန်းတိကိုလည်း လာဖို့ကာလတိမာ ဖွင့်လှစ်လားဖို့ဟိပြီးကေ ဖွင့်လှစ်ဖို့အချိန်ကို ထပ်မံအသိပီးလားဖို့လို့ အာရက္ခတပ်တော်က ဆိုပါရေ။
အာရက္ခဒေသအတွင်း မှီတင်းနီထိုင်ကတ်တေ လူငယ်၊ လူရွယ်ရို့အနီနန့် အမျိုးသားရီးအသိစိတ်ဓာတ်၊ မွီးရာပါအသိစိတ်ဓာတ်တိနန့် သမိုင်းပီးတာဝန်ကို လူတိုင်းထမ်းဆောင်ကတ်ဖို့၊ အာရက္ခတပ်တော်မာ စစ်မှု ထမ်းရွက်ပြီး အာရက္ခဒေသအတွက် တာဝန်ယူလိုရေ လူငယ်၊ လူရွယ်တိအနီနန့် နီးစပ်ရာစစ်ဒေသတိကတဆင့် စုံစမ်းပြီးကေ အာရက္ခဒေသတည်ဆောက်ရီး၊ ကာ ကွယ်ရီးနန့် တည်တံ့ရီး လုပ်ငန်းတိမာ ပါဝင်နိုင်ကြောင်းလည်း အာရက္ခတပ်တော်က နှိုးဆော်တိုက် တွန်းထားပါရေ။