APM ၊ မေ ၂၃ ၊ ၂၀၂၄
ဒေရက်ပိုင်းအတွင်း ဘင်္ဂလားဒေ့ချ် ဒုက္ခ သည်စခန်းက မူဆလင်တိကို စစ်ကောင်စီက ရက္ခိုင်ပြည်ထဲကို ခိုးသွင်းပနာ ၎င်းရို့၏ စစ်သားအဖြစ် အတင်းအဓမ္မ လူသစ်စုဆောင်းနီကြောင်း သိရပါရေ။
မေ ၂၂ ရက်နိ၊ မိုးထစောစော ၃ နာရီလောက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တိစွာ ဘုတ် ၅စီးနန့်ဘင်္ဂလားဒေ့ချ် ဒုက္ခသည်စခန်းက မူဆလင်အယောက်၂၀၀ ကို မောင်တောမြို့၊ မောင်နီရပ်ကွက်အုပ်စု၊ အာလီရွာဆိပ်ကမ်းသို့ ခိုးသွင်း ပို့ဆောင်ခရေလို့ မျက်မြင်ဒေသခံတိက ပြောပါရေ။
ယင်းမူဆလင် အယောက် ၂၀၀ ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တိက တေဘာကား၊ စီနိုထရက်ကား အပါအဝင် စုစုပေါင်း ကား ၆ စီးနန့်တင်ယူပနာ မောင်တောမြို့၊ ကညင်တန်းရပ်ကွက်ဟိ အထက (၁) ကျောင်းသို့ပို့ဆောင်ခပါရေ။
လက်ဟိ ယင်းမူဆလင် ၂၀၀ နန့် အယင်က စုဆောင်းထားရေ မူဆလင် ၁၀၀ အပါအဝင်စုစုပေါင်း (၃၀၀ )လောက်ကို ယင်း အထက (၁) ကျောင်းအတွင်းမာ စစ်ကောင်စီတပ်က စစ်သင်တန်း ပို့ချနီကြောင်းလည်း သိရပါရေ။
တချိန်တည်းမာ ဘင်္ဂလားဒေ့ချ်နယ်စပ်ဟိမူဆလင်ဒုက္ခသည် စခန်းတိက မူဆလင်လူငယ်တိကိုအကြမ်းဖက် RSO အဖွဲ့က ဖမ်းပြီးကေ စစ်ကောင်စီတပ်သို့ စစ်သားအဖြစ် ရောင်းချနီရေလို့ ဒေသခံတိက ဆိုကတ်ပါရေ။
ပြီးခရေ မေ၂၁ ရက်နိကလည်း ဘင်္ဂလားဒေ့ ချ်နိုင်ငံ၊ကုတူပါလောင် မူဆလင်ဒုက္ခသည် စခန်း အမှတ် (၁)က မူဆလင်လူငယ် ၃၀ လောက်ကို အကြမ်းဖက် RSO ၁၀ လောက်က ဖမ်းပနာ စစ်ကောင်စီတပ်ဘားမာ ရောင်းစားဖို့ လုပ်နီချိန် ဒေသခံတိက ဝိုင်းဝန်းတားဆီးခရေအတွက် အကြမ်းဖက် RSO အဖွဲ့ ရဲစခန်းထဲဝင်ဗြီးလားရာက အဖမ်းဆီးခံမူဆလင်လူငယ်တိ လွတ်မြောက်လားခရေလို့လည်း သိရပါရေ။
စစ်ကောင်စီစွာ ရက္ခိုင်ပြည်ကို လက်လွှတ်ရဖို့အခြေအနီသို့ရောက်လာရေအတွက်ဒေသတွင်း မတည်ငြိမ်အောင် မူဆလင်တိကို စစ်သားအဖြစ် အသုံးချပနာ အာရက္ခတပ်တော်ကိုတိုက်ခိုင်းခရေပိုင် ARA, RSO, ARSA စရေ အကြမ်းဖက်အဖွဲ့တိကို လက် နက်တပ်ဆင်ပီးပြီး AA ကို တိုက်လို့ဟိနီပါရေ။
တချိန်တည်းမာ ဖက်ဆစ် စစ်ယှုံးစစ်ကောင်စီစွာ အာရက္ခဒေသအတွင်းမာ ဘာသာရီး၊ လူမျိုးရီးပြဿနာတိဖြစ်ပွားအောင် ၎င်းရို့၏ လက်ကိုင်တုတ်တိ၊ လော်ဘီတိကို အသုံးချပနာ အောက်တန်းကျရေ နည်းလမ်းပေါင်းစုံးသုံးပြီးကေ အင်တိုက် အားတိုက် ဝါဒဖြန့် လုပ်ကြံဖန်တီးလို့ဟိနီပါရေ။