APM ၊ ဧပြီ ၂၃ / ၂၀၂၃
ရက္ခိုင်ပြည် မြို့နယ်တချို့တွင် သောက်သုံးရီကန်များ ခမ်းခြောက်လာ၍ ဒေသခံများမှာ သောက်သုံးရီ ယှားပါး သည့် ပြဿနာနန့် ရင်ဆိုင်နီကတ်ရကြောင်း သိရသည်။
မင်းပြား၊ ပုဏ္ဏားကျွန်း၊ စစ်တွေနန့် တခြားမြို့နယ်များတွင် သောက်သုံးရီကန်များမှာ ဒေနှစ် ဖေဖော်ဝါရီလမှစ၍ ရီစတင်ခမ်းခြောက်လာခြင်းဖြစ်သည်။
မင်းပြားဟိ အဓိကသောက်ရီကန်များဖြစ်သည့် ပြည်တော်လှသောက်ရီကန်၊ မင်းကန်သောက်ရီကန်နန့် တခြား သောက်ရီ ကန်များတွင် လက်ဟိ၌ ရီလုံးဝခမ်းခြောက်လားကာ ရီစကေဟိနီသိမ့်သည့် အချို့ သောက်ရီကန် များမှာလေ့ ရီနှောက်နီကာ သုံးမရဖြစ်နီ၍ သောက်ရီယှားပါးသည့် ပြဿနာနန့် ရင်ဆိုင်နီရကြောင်း မင်းပြား ဒေသခံများ ကပြောသည်။
ယင်းအပြင် လက်ဟိ နီအပူချိန်မြင့်တက်နီသည်နန့်အမျှ သောက်ရီကန်းများမှာလေ့ ခမ်းခြောက်လာကာ သောက်ရီယှား ပါးမှုကြောင့် ပုဏ္ဏားကျွန်းမြို့နယ်ဟိ ကျေးရွာတချို့တွင် ဧပြီ အစောပိုင်းမှစ၍ နွားများသီဆုံးမှု ဖြစ်ပွား လျက်ဟိကြောင်း သိရသည်။
ကန်များ၌ ရီခမ်းခြောက်ကာ သောက်ရီယှားပါးမှုကြောင့် နွားများမှာ မသန့်ယှင်းသည့်ရီများကို သောက်သုံးနီရ၍ နွားများအားပြတ်ကာ သီဆုံးရခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
ယင်းအပြင် စစ်တွေမြို့၌ ရီမပြတ်လပ်စီရန် မြီအောက်ရီတူးဖော်ပြီး ရီဖြန့်ဝီပီးမှုများ ဟိနီကေလေ့ လက်ဟိအချိန်အထိ မြို့ပေါ်ရပ်ကွက် အများအပြားတွင် ရီယှားပါးမှု ပြဿနာနန့် ကြုံတွိနီရသိမ့်ကြောင်း သိရသည်။
ရက္ခိုင်ပြည်တွင် ဒေရက်ပိုင်အတွင်း အပူချိန်မြင့်တက်လာသည်နန့်အမျှ သောက်သုံးရီကန်များမှာလေ့ အယင်နှစ် များက ထက် စော၍ခမ်းခြောက်လာသဖြင့် ဒေသခံပြည်သူများမှာ သောက်သုံးရီ မလုံလောက်မှုများနန့် ရင်ဆိုင်နီရ ကြောင်း သိဟိရသည်။