APM ၊ ဧပြီ ၂၃ / ၂၀၂၃
ဂျပန်ကာကွယ်ရီးဝန်ကြီး ယာဆူခါဇူဟာမာဒါက မြောက်ကိုရီးယားသူလျှိုဂြိုလ်တု ဂျပန်နိုင်ငံပိုင်နက် အတွင်းသို့ ဝင်ရောက်လာပါက ပစ်ချဖို့ အသင့်ပြင်ထားရန် ဧပြီ ၂၂ ရက်နိတွင် ဂျပန်စစ်တပ်ကို အမိန့်ပီးလိုက်သည်။
ဝန်ကြီး ဟာမာဒါ၏ညွှန်ကြားချက်အရ ပဲ့ထိန်းဒုံးကျည်ပြုတ်ကျလာပါက ထိခိုက်မှုအနည်းဆုံးဖြစ်စီရန် အိုကီနာဝါပြ ည်နယ်တောင်ပိုင်း၌ တပ်ဖွဲ့ဝင်များချ၍ ကြိုတင်ပြင် ဆင်မှုများ ပြုလုပ်ထားသည်။
ဂျပန်ကာကွယ်ရီးဝန်ကြီးဌာနသည်၂၀၁၂ ခုနှစ်ကလေ့ အလားတူ ကြိုတင်ပြင်ဆင်မှု အမိန့်တစ်ရပ်ကိုထုတ်ပြန်ခ ဖူးကြောင်း ဧပြီ၂၂ ရက်နိတွင် ဂျပန်မီဒီယာများမှ ဖော်ပြ သည်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက ဂြိုဟ်တုလွှတ်တင်မည့်ရက်ကို အတိအကျထုတ်ဖော်ပြောဆိုခြင်းမဟိ ကေလေ့ စီစဉ်ထားသည့်ရက်စွဲအတိုင်းဂြိုဟ်တုလွှတ်
တင်လားမည်ဟု အခိုင်အမာ ဆိုသည်။
ယင်းအပြင် ကင်ဂျုံအန်းက မိမိနိုင်ငံ၏ ပထမဆုံးသူလျှိုဂြိုလ်တု လွှတ်တင်ရန်ကြိုတင်ပြင်ဆင်နီခြင်းအား အမေ ရိကန်နှင့်တောင်ကိုရီးယားရို့က ခြိမ်းခြောက်မှုများအပေါ် တန်ပြန်လုပ်ဆောင်လားမည်ဟု နိုင်ငံပိုင်မီဒီယာမှ ဗုဒ္ဓဟူး နိက ဖော်ပြခသည်။
Source – Japan orders military to shoot down North Korean spy satellite if it enters its territory
Photo – Reuters