APM ၊ ဧပြီ ၂၃ / ၂၀၂၃
(၈) ကြိမ်မြောက် မရမာကြီးအမျိုးသားနိအခမ်းအနားကို လာမည့် ကဆုန်လပြည့်(မေ ၃ ရက်)နိ၌ ကျောက်ဖြူမြို့၊ အရာရှိရပ်ကွက်ဟိ မရမာကြီးရတနာ့ဗိမာန်ကျောင်းတိုက်တွင် ကျင်းပပြုလုပ်လားမည်ဟု သိရသည်။
မရမာကြီးအမျိုးသားနိအခမ်းအနားကို မရမာကြီးစာပီနန့် ယဥ်ကျေးမှုအသင်းမှ ဦးဆောင်ကျင်းပခြင်းဖြစ်ပြီး အခမ်းအနား၌ အချေစာပီပြိုင်ပွဲ၊ အကပြိုင်ပွဲများ၊ အားကဇတ်ပြိုင်ပွဲများ၊ တိုင်းရင်းသားလူမျိုးပေါင်းစုံရို့၏ ဝတ်စားဆင်ယင်မှုပြခန်းများပါ ပါဝင်သည်ဟု ဆိုသည်။
မရမာကြီးလူမျိုးများ၏ အမျိုးဘာသာ သာသနာ မပျောက်ကွယ်စီရန်၊ လူမျိုးတမျိုးအနေဖြင့် အမျိုးသားနိ သတ်မှတ်ထားသည်ကို သိဟိစီရန်နန့် မျိုးဆက်သစ်မရမာကြီးလူငယ်များကို မြီတောင်မြှောက်ပီးရန်ရည်ရွယ်၍ အခမ်းအနားအား စီစဉ် ကျင်းပရခြင်းဖြစ်ကြောင်းလေ့ မရမာကြီးစာပီနန့် ယဥ်ကျေးမှူးအသင်းတာဝန်ဟိသူများက ပြောသည်။
ဗုဒ္ဓဘုရားသျှင်ဖွားမြင်တော်မူသည့် ကဆုန်လပြည့်နိကို မရမာကြီးအမျိုးသားနိအဖြစ် သတ်မှတ်ထားခြင်းဖြစ်ပြီး အမျိုးသားနိအခမ်းအနားကိုတော့ ၂၀၁၅ ခုနှစ်မှစတင်ကာ ပထမအကြိမ်အဖြစ် ကျောက်ဖြူမြို့တွင် ကျင်းပခခြင်း ဖြစ်သည်။
ယင်းမှတဆင့် စစ်တွေ၊ မင်းပြားရို့၌ ဆက်လက်ကျင်းပခပြီး ဒေဂုအကြိမ်ဆိုလျှင် (၈)ကြိမ်မြောက်ကျင်းပခြင်းဟု ဆိုသည်။
ရက္ခိုင်ပြည်မြို့နယ်အသီးသီးတွင် မရမာကြီးလူမျိုး လူဦးရေပေါင်း ၈၉၀၀ ကျော်ဟိပြီး မင်းပြား၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ စစ်တွေ၊ ကျောက်ဖြူနန့် မောင်တောမြို့နယ်ရို့တွင် အများစုနီထိုင်ကတ်ကြောင်း သိဟိရပါသည်။
Photo – မရမာကြီးစာပီနန့်ယဉ်ကျေးမှုအသင်း
