APM ၊ ဧပြီ ၂၃ / ၂၀၂၃
မင်းပြားမြို့နယ်တွင် ဧပြီ ၂၁ ရက်နိက Pajero အမျိုးအစား အိမ်စီးကားနန့် ဝက်တင်လာသည့် ကုန်ကားတစီးရို့ မျက်နှာ ချင်းဆိုင်တိုက်မိခပြီး လူ ၆ ယောက်ဒဏ်ရာလားကာ ၁ ယောက်မှာ ဒဏ်ရာပြင်းထန်ကြောင်း သိဟိရသည်။
ဖြစ်စဉ်မှာ ဧပြီ ၂၁ ရက်နိက လူ ၃ ယောက်လိုက်ပါလာပြီး ဝက်ကောင်ရေ ၂၀ ကျော်တင်ဆောင်၍ အမ်းဖက်မှ မြောက်ဦး ဖက်သို့မောင်းနှင်လာသည့် ကုန်ကားနန့် မင်းပြားဖက်မှ အမ်းဖက်သို့လားသည့် လူ ၃ ယောက်ပါ Pajero အမျိုးအစား အိမ်စီး ကားတစီးရို့ မင်းပြားမြို့နယ် ဟိ အဝီးဗြီးလမ်းမထက်တွင် ရှိဆိုင်တိုက်မိခခြင်းဖြစ်သည်။
ယင်းသို့ မျက်နှာချင်းဆိုင်တိုက်မှုကြောင့် ကား ၂ စီးလုံး၌ ဂေါင်းများပြိုထွက်လားပြီး ကားနများ၌ပါလာသူ ၆ ယောက်စလုံး ထိခိုက်ဒဏ်ရာရလားခကာ တယောက်မှာ ဒဏ်ရာပြင်းထန်၍ မင်းပြားမြို့ပြည်သူ့ဆီးရုံကြီး၌ ဆီးကုသခမှုခံ ယူနီရကြောင်း သိရသည်။
လက်ဟိတွင် ယင်းကား ၂ စီးစလုံးကို တိုက်မိသည့် နီရာ၌ပင် ဆက်လက်ထားဟိပြီး အမှုကိုတော့ သက်ဆိုင်ရာမှ စိစစ် ဆောင်ရွက်နီကြောင်း သိဟိရသည်။
Photo – ABN