
APM ၊ ဧပြီ ၂၃ / ၂၀၂၃
မန်စီးတီးအသင်းသည် ဧပြီ ၂၂ ရက်နိညည့်ယှဥ်ပြိုင်သည့် သျှက်ဖီးယူနိုက်တက်နန့် FA ဖလားဆီးမီး ဖိုင်နယ် ပွဲစဥ်တွင် တိုက်စစ်မှူးမာရက်ဇ်၏ ဟတ်ထရစ်သွင်းဂိုးဖြင့် ဗိုလ်လုပွဲသို့တက်ရောက်လားကြောင်းသိရသည်။
တိုက်စစ်မှူးမာရက်ဇ်သည် အဆိုပါပွဲစဥ်၌ ၄၃ မိနစ်တွင် ပင်နယ်တီဖြင့်ဦးဆောင်ဂိုးကိုသွင်းယူခပြီး ၆၁ မိနစ်နန့် ၆၆ မိနစ်တွင် နှစ်ဂိုးထပ်သွင်းယူခ၍ တကိုယ်တော် ဟက်ထရစ်သွင်းဂိုးဖြင့် မန်စီးတီးအသင်းကို FA ဖလား ဖိုင်နယ်သို့ ပို့ဆောင်ပီးခသည်။
မန်စီးတီးသည် အသင်းတမိုင်းတလျှောက် FA ဖလားဗိုလ်လုပွဲသို့ (၁၂) ကြိမ်မြောက်တက်ရောက်နိုင်ခခြင်းဖြစ်ပြီး၊ ဖလား လုပွဲကိုတော့ ဒေနိ ဧပြီ ၂၃ ရက်နိညည့် မန်ယူနန့် ဘရိုက်တန်ပွဲစဥ်မှ အနိုင်ရသည့်အသင်းနန့် ယှဥ်ပြိုင်ရမည် ဖြစ်သည်။
မန်စီးတီးသည် FA ဖလားကို(၆) ကြိမ်ဆွတ်ခူးထားနိုင်ပြီး နောက်ဆုံးဆုဖလားကိုတော့ ၂၀၁၈-၂၀၁၉ ဘောလုံး ရာသီတွင် ရယူခကြောင်းသိဟိရသည်။
Source – Mahrez’s hat-trick sent Manchester City into the FA Cup final.
Photo – Getty Inages
