
APM ၊ ဧပြီ ၂၃ / ၂၀၂၃
ရသေ့တောင်မြို့နယ် ပြားချောင်းကြီးစစ်ဖီးယှောင်စခန်းတွင် အဆောင်များ ပြန်ပြုပျင် ရန် အရေးတကြီး လိုအပ်နီ ကြောင်းသိရသည်။
ယင်းစစ်ဖီးယှောင်စခန်းဟိ စစ်ဖီးယှောင်များမှာ ကုန်ခသည့် ၂၀၁၈/၂၀၁၉ တိုက်ပွဲကာလကပင် နီရပ်စွန့်ခွာ တိမ်းယှောင်လာကတ်ရသူများဖြစ်ပြီး လက်ဟိအချိန်ထိ ရွာအနီးနား၌ မြန်မာစစ်တပ်မှ တပ်စွဲထား၍ နီရပ်မပြန် နိုင်သိမ့်ဘဲ စစ်ဖီးယှောင်စခန်းတွင် ခိုလှုံနီကတ်ရသိမ့်သည်။
အဆိုပါစစ်ဖီးယှောင်စခန်း၌ ယာယီလူနီဆောင်များမှာ မိုးတွင်း၌ နီထိုင်၍ မရလောက်အောင် ပြိုပျက်နီကြောင်း စစ်ဖီးယှောင်များကပြောသည်။
စခန်းဟိ စစ်ဖီးယှောင်များမှာ အဆောင်ပြုပျက်ရန်မတတ်နိုင်သည့်အပြင် တရက်စာ စားနပ်ရိက္ခာကိုပင် ခက်ခက် ခဲခဲ ရှာဖွီစားသောက်နီကတ်ရသည်ဟုဆိုသည်။
ယင်းအပြင် သက်ကြီးပိုင်းနန့် အချေများမှာ ကျန်းမာရီးအခက်အခဲများနန့် ရင်ဆိုင်နီကတ်ရပြီး အရေးပေါ် ကျန်းမာရီးစောင့်ယှောက်မှု များလေ့ လိုအပ်နီသည်။
ပြားချောင်းကြီးစစ်ဖီးယှောင်စခန်းတွင် အိမ်ထောင်စု ၅၅ စု ၊ လူဦးရေ ၁၉၀ ခန့်ခိုလှုံနီထိုင်လျက်ဟိပြီး အများစုမှာ ရသေ့တောင်မြို့နယ် င/တောက်တူချေ ၊သောင်းဒရား စသည့်ကျေးရွာများက ဒေသခံများဖြစ်ကြောင်း သိဟိရ ပါသည်။
