APM ၊ ဧပြီ ၂၃ / ၂၀၂၃
(၃၂) ကြိမ်မြောက် အရှိတောင်အာသျှ(ဆီးဂိမ်း)ပြိုင်ပွဲကို ပထမဆုံးအကြိမ်အိမ်သျှင်အဖြစ် ၂ဝ၂၃ ခုနှစ်၊ မေလ ၅ ရက်မှ ၁၇ ရက်အထိ ကမ္ဘော ဒီးယားနိုင်ငံက လက်ခံ ကျင်းပလားမည်ဖြစ်သည်။
အဆိုပါ အားကဇတ်ပြိုင်ပွဲကို နိုင်ငံပေါင်း ၁၁ နိုင်ငံမှ ပြိုင်ပွဲပေါင်း ၅၈၁ ခုယှဉ်ပြိုင်ကတ်မည်ဖြစ်ပြီးယင်းတွင်အမျိုးသားပွဲစဉ် ၃၀၄ ပွဲ၊ အမျိုးသမီး ၂၂၉ ပွဲနန့် ပေါင်းစပ် သရုပ်ပြ အားကဇတ်နည်း ၄၈ မျိုးရို့ပါဝင်မည်ဖြစ်သည်။
ကမ္ဘောဒီးယား၊ ဘရူနိုင်းဒါရုစလမ်၊ တီမောလက်စ်တီ၊ အင်ဒိုနီးသျှား၊ လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံ၊မလေးသျှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနန့်ဗီယက်နမ်နိုင်ငံရို့မှ ပါဝင်ယှဥ်ပြိုင်လားမည်ဖြစ်သည်။
ဆီးဂိမ်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို မေလ ၅ ရက် သောကြာနိ မြို့တော် ဖနွမ်းပင်၌ ကျင်းပလားမည်ဖြစ်သည်။
အဓိက ကျင်းပမည့်နီရာမှာ Morodok Techo အားကဇတ်ကွင်းဖြစ်ပြီး ဖနွမ်းပင်မြို့၊ Chroy Changvar မြို့၊ Sihanoukville မြို့၊ Siem Reap မြို့နန့် Kempot မြို့ရို့မှာလေ့ ကျင်းပလားမည်ဖြစ်သည်။
ဆီးဂိမ်းပြိုင်ပွဲတွင် PUBG၊ MLBB နန့် Wild Rift ပြိုင်ပွဲများအပြင် ဘောလုံး၊ ဘတ်စ်ကတ်ဘော၊ ဘော်လီဘော၊ လက်ဝှေ့၊ ကာရာတေး၊ ရေကူးပြိုင်ပွဲ၊ကြက်တောင်ရိုက်ပြိုင်ပွဲ၊ ဂေါက်ရိုက်ပြိုင်ပွဲများနန့် အားကဇတ်နည်း ၃၇ မျိုးအထိ ပါဝင်မည်ဟု သိရသည်။
Source – (32) Cambodia will host the 32nd Southeast Asian Games.
Photo – Khmer Times