
APM ၊ မာ့ချ် ၂၃ / ၂၀၂၄
မြေပုံမြို့နယ်အတွင်း အရပ်သားပြည်သူရို့နီထိုင်ရာ ရပ်ရွာတိကို ရည်ရွယ်လျက် နိစဉ်ရက်ဆက် ယုတ်မာ ကောက်ကျစ်စွာ ဗုံးကြဲတိုက်ခိုက်နီရေ အကြမ်းဖက်စစ်ကောင်စီစွာ ဒေနိ မာ့ချ် ၂၃ ရက်နိမာလည်း သရက်တောရွာကို ဂျက်ဖိုက်တာတိနန့် ယမ်းကာ ပစ်ခတ် တိုက်ခိုက်ခလို့ ဒေသခံပြည်သူ နှစ်ယောက်သီဆုံးလားပြီးကေ၊ တယောက် ဒဏ်ရာပြင်းပြင်းထန်ထန် ရလားကြောင်းသိရပါရေ။
သီဆုံးလားရေ လူစွာ သရက်တောင်ရွာမာ ပုဇွန်ကန်အငှားစောင့်နီရေ မင်းပြားမြို့နယ်၊ ခေါင်းလောင်းချောင်းရွာက ဦးစိုးမြအောင်နန့် သရက်တောင်ရွာက အသက် ၃၀ ကျော်အရွယ် လူတယောက်ဖြစ်ပြီးကေ၊ ဒဏ်ရာရလားလူလည်း သရက်တောင်ရွာသားတယောက်လို့ ကနဦး သိရပနာ အချက်အလက်အပြည့်အစုံကို APM က စုံးစမ်းနီပါရေ။
ဒေနိနိခင်း ၁၁ နာရီခွဲကနီ ၁၂ နာရီ ၁၀ မိနစ်အချိန်ထိ အကြမ်းဖက်စစ်ကောင်စီစွာ ဂျက်ဖိုက်တာနှစ်စီးနန့် နှစ်ကြိမ်၊ ဂျက်ဖိုက်တာတစီးနန့် နှစ်ကြိမ်၊ စုစုပေါင်း (၄)ကြိမ်တိုင်တိုင် ဗုံးသီး (၁၇) လုံးတိတိ လာရောက်ပစ်ခတ်ခပါရေ။
ယင်းသို့ အကြမ်းဖက်စစ်ကောင်စီက ပစ်ခတ်လိုက်တေ ဗုံးသီးတလုံးစွာ သရက်တောင်ရွာပြင်ဟိ ပုဇွန်မွီးမြူရီးကန်သို့ တိုက်ရိုက်လားကျခရေလို့ ဒေသခံတိက ပြောပါရေ။
ယင်းပိုင် ဗုံးသီးကျရောက်ပေါက်ကွဲမှုကြောင့် ပုဇွန်ကန်စောင့်နီရေ ဦးစိုးမြအောင်စွာ နီရာမာပင် ဂွင်ချင်းသီဆုံးလားရေလို့ ဆိုပါရေ။
အလားတူ နောက်ထပ် ဗုံးသီးတလုံးလည်း သရက်တောင်ရွာထဲသို့ ကျရောက်ပေါက်ကွဲခလို့ ရွာသား တယောက်သီဆုံးလားပြီးကေ တခြားတယောက်လည်း ဒဏ်ရာ ပြင်းပြင်းထန်ထန်ရလားရေလို့ဆိုပါရေ။
မာ့ချ် ၂၂ ရက်နိကလည်းအကြမ်းဖက်စစ်ကောင်စီစွာ မြေပုံမြို့နယ် ညောင်ကန်ရွာကို တိုက်ပွဲဖြစ်ပွားစွာ တစုံတရာမဟိဘဲ ရည်ရွယ်ချက်ဟိဟိ တရက်လုံးလီကြောင်းတိုက်ခိုက်မှုပြုလုပ်ခလို့ ရဟန်းတပါးနန့် ကိုရင်ချေတပါးအပါအဝင် လူ ၁၀ ကျော် ထိခိုက်ဒဏ်ရာရဟိခပါရေ။
