
APM ၊ မာ့ချ် ၂၃ / ၂၀၂၄
ကျောက်ဖြူမြို့မာ ဒေနိ မာ့ချ် ၂၃ ရက်နိ၊ နိခင်းက တက္ကသိုလ်ဝင် စာမိန်းပွဲဖြေပြီးလို့ နီရပ်ပြန်လာရေ ကျောင်းသား/သူ ၈ ယောက်အပါအဝင် ဒေသခံပြည်သူ ၁၁ ယောက်ကို အကြမ်းဖက်စစ်ကောင်စီက မတရားဖမ်းဆီးလားခကြောင်း သိရပါရေ။
ဖမ်းဆီးခံရလူတိမာ Grade-12 ကျောင်းသား/သူတိဖြစ်တေ ကျောက်ဖြူမြို့၊ကညင်တောရပ်ကွက်က မောင်မင်းထက်နိုင်၊ မနှင်းအိနွယ်၊ မယုဝါလှိုင်၊ ကျောက်ဖြူမြို့နယ်၊မရဇိုင်းတိုက်နယ်၊ ရွှီညိုမရွာက မောင်မျိုးမြင့်ဆွေ၊ မောင်ဇော်မျိုးနိုင်၊ မမိုးသက်နွယ်၊ ချောင်းကြီးဖျားရွာက မသူဇာယေ၊မခင်စုလှိုင်နန့် ရွှီညိုမရွာကနီ ကညင်တောရပ်ကွက်သို့ စစ်ဖီးယှောင်လာရေ ဦးခင်ကျော်သန်း၊ဒေါ်မရွှီဝါနန့် ဒေါ်သန်းမေရို့ကတ်ဖြစ်ပါရေ။
သူရို့တိအားလုံးကို မာ့ချ် ၂၃ ရက်နိ၊ နိခင်း ၁၁ နာရီအချိန်လောက်မာ ကျောက်ဖြူမြို့၊ ပြင်ဖြူမော်ရပ်ကွက်၊ မီးလောင်ကွင်း အောက်ဖက် မြစ်ကမ်းကနီပြီးကေ သူရို့နီထိုင်ရေ မရဇိုင်းတိုက်နယ်သို့ ဟွန်ဒါ(၂)စီးနန့်လားဖို့ပြင်နီစဉ် ယင်းဆိပ်ကမ်းအနားမာ ကင်းလှည့်နီရေ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်နန့်ရဲတပ်ဖွဲ့ဝင် ပူးပေါင်းအင်အား ၃၀ လောက်က ဖမ်းဆီးခစွာလို့ မျက်မြင်ဒေသခံတိက ဆိုပါရေ။
ယင်းနောက် ယင်း ကျောင်းသား/သူ ၈ ယောက်နန့် စစ်ဖီးယှောင် ၃ ယောက်ကို ကျောက်ဖြူမြို့မရဲစခန်းသို့ ခေါ်ယူလားကြောင်းလည်း သိဟိရပါရေ။
