
APM ၊ မာ့ချ် ၂၃ / ၂၀၂၃
၁၇(၁) နန့်တရားစွဲခံထားရသည့် မောင်တောမြို့နယ်က တက္ကသိုလ်ကျောင်း သားတယောက်နန့် ဆိုင်ကယ် ကယ်ရီသမားတယောက်အမှုကို ဒေနိ(မာ့ချ် ၂၃ ရက်နိ) တွင် မောင်တောမြို့တရားရုံး၌ ရုံးထုတ်ခကေလေ့ လိုပြသက်သီ မရောက်၍ ရုံးချိန်းထပ်ရွှိလိုက်ရကြောင်း သိရသည်။
ယင်း၁၇(၁)နန့်တရားစွဲခံထားရသူနှစ်ယောက်မှာ မောင်တောမြို့နယ်၊ခမောင်းဆိပ်ကျေးရွာမှ တက္ကသိုလ်ကျောင်းသား ကိုမောင်ဆန်းဌေး(၂၄နှစ်) နန့် မင်္ဂလာညွန့်ကျေးရွာမှ ဆိုင်ကယ်ကယ်ရီသမား ကိုခင်ဇော်(၂၂နှစ်) ရို့ဖြစ်ကတ်သည်။
အမှုကို ဒေနိတွင် မောင်တောမြို့နယ်တရားရုံး၌ ရုံးထုပ်ခကေလေ့ လိုပြသက်သီမရောက်၍မစစ်ဆီးနိုင်ခဘဲ လာမည့် ဧပြီ ၆ ရက်နိသို့ ရုံးချိန်းထပ်ရွှိလိုက်ရကြောင်း မိသားစုဝင်များကပြောသည်။
ကိုမောင်ဆန်းဌေးမှာ အဝီးသင်တက္ကသိုလ်(သမိုင်းမေဂျာ) ဒုတိယနှစ်ကျောင်း သားတယောက်ဖြစ်ပြီး၊ စစ်တွေ အဝီးသင်တက္ကသိုလ်စာမိန်းပွဲဖြေဆိုပြီး၍ ကုန်ခသည့် ၂၀၂၂ ခုနှစ် နိုဗမ်ဘာ ၁ ရက်နိက အဖော်ဖြစ်သူ ကိုခင်ဇော်နန့် အတူ ဆိုင်ကယ်တစီးဖြင့် ရွာသို့ ပြန်လာစဉ် မြန်မာစစ်တပ်၏ အမှတ် (၁) နယ်ခြားစောင့်တပ်ဖွဲ့၊ ကျီးကန်းပြင် ဌာနချုပ်၊ စစ်ဆီးရီးဂိတ်၌အဖမ်းခံခရသည်။
ယင်းနောက် သူရို့နှစ်ယောက်ကို AA နန့်ဆက်စပ်သည်ဟုဆိုကာ မြန်မာစစ်တပ်က ပုဒ်မ ၁၇ (၁)နန့်တရားစွဲဆို ထားခြင်း ဖြစ်သည်။
လက်ဟိတွင်သူရို့နှစ်ယောက်ကို ဘူးသီးတောင်အကျဉ်းထောင်၊ထောင်ချုပ်၌ ထိန်းသိမ်းထားကြောင်းသိဟိရသည်။
