APM ၊ မာ့ချ် ၂၃ / ၂၀၂၃
ကာတာနိုင်ငံ ဒိုဟာမြို့၌ကျင်းပသည့် ၂၀၂၃ အာသျှဘိလိယက် ချန်ပီယံသျှစ်တယောက်ချင်းပြိုင်ပွဲတွင် မြန်မာဘိလိယက်ကဇတ်သမား “ပေါက်စ” ပူးတွဲတတိယဆုရဟိခကြောင်း သိရသည်။
ယင်းပြိုင်ပွဲကို မြန်မာ့လက်ရွီးစင် ဘိလိယက်ကဇတ်သမား “ပေါက်စ” နန့် အခြားအာသျှနိုင်ငံများမှ ကဇတ်သမား စုစုပေါင်း ၁၄ ယောက် ပါဝင်ယှဉ်ပြိုင်ခပြီး လေးယောက် နှစ်အုပ်စုနန့် သုံးယောက် နှစ်အုပ်စုခွဲ၍ ကျင်းပခြင်းဖြစ်သည်။
“ပေါက်စ” သည် အုပ်စု (C) တွင် ပါဝင်ခပြီး ကွာတားဖိုင်နယ်တွင် အိန္ဒိယကဇတ်သမား ရူပီရှ ကို (၅-၂)ပွဲဖြင့် အနိုင်ရကာ ဆီမီးဖိုင်နယ် တက်ရောက်ခသည်။
ဆီမီးဖိုင်နယ်တွင် နာမည်ကြီး ကဇတ်သမား အိန္ဒိယနိုင်ငံသား အက်ဗာနီ ကို (၁-၅) ပွဲနန့် ယှုံးနိမ့်ခ၍ ဗိုလ်လုပွဲ ကိုလွဲချော်ကာ ပူးတွဲတတိယဆုရာ ရဟိခသည်။
“ပေါက်စ” သည် ကုန်ခသည့် ၂၀၂၂ အာသျှ ဘိလိယက်ချန်ပီယံသျှစ်ပြိုင်ပွဲတွင်လေ့ ပူးတွဲတတိယဆုရဟိခသူ ဖြစ်ကြောင်း သိရသည်။