
APM ၊ မာ့ချ် ၂၃ / ၂၀၂၃
မြန်မာပြည်တွင်စစ်အာဏာသိမ်းပြီးနောက် နိုင်ငံရီး၊စစ်ရီးပဋိပက္ခများကြောင့် အိန္ဒိယနိုင်ငံ၊မီဇိုရမ်ပြည်နယ်၌ ထွက်ဗြီးခိုလှုံနီကတ်သည့် မြန်မာစစ်ဖီးယှောင်များကို နိုင်ငံတကာလူမှုရီးကယ်ဆယ်ရီးအဖွဲ့အစည်းတခုဖြစ်သည့် Adventist Develoment and Agency က အထောက်အပံ့များ ပီးအပ်လားမည်ဟု သိရသည်။
အဆိုပါကိစ္စနန့်ပတ်သတ်၍ မီဇိုရမ်ပြည်နယ်၊ကျန်ဖိုင်းမြို့တွင် ပြီးခသည့် မာ့ချ် ၂၁ ရက်နိက မြန်မာစစ်ဖီးယှောင်များအား အထောက်အပံ့ပီးမည့်စီမံကိန်းကို Adventist Develoment and Agency အဖွဲ့နန့် ကျန်ဖိုင်းခရိုင် မြန်မာစစ်ဖီးယှောင် ဒုက္ခသည် များဆိုင်ရာ တာဝန်ဟိပုဂ္ဂိုလ်များ ဆွေးနွေးခကတ်သည်ဟု မီဇိုရမ်ပြည်နယ်အစိုးရက ထုတ်ပြန်ထားသည်။
ယင်းစီမံကိန်းတွင် စစ်ဖီးယှောင်များအား ရိက္ခာထောက်ပံခြင်းနန့် နိစဥ်လိုအပ်ချက်များကို ဖြည့်ဆည်းပီးခြင်း ၊ကျန်းမာရီး စောင့်ယှောက်မှုပီးခြင်း၊ ကျောင်းနီအရွယ် အချေသူငယ်များ၏ လိုအပ်ချက်များဖြည့်ဆည်းပီးခြင်းများပါဝင်မည်ဖြစ်ပြီး စီမံကိန်း ကာလမှာ ၁၂ လ ကြာမည်ဟု သိရသည်။
ဆွေးနွေးပွဲတွင်ဖော်ပြထားချက်အရ မာ့ချ် ၂၀ ရက်နိအထိ ကျန်ဖိုင်းခရိုင်အတွင်းဟိ ကျေးရွာပေါင်း ၄၇ ရွာတွင် မြန်မာစစ်ဖီး ယှောင်ဦးရေ စုစုပေါင်း ၁၀၂၂၆ ဦးဟိကာ၊ ယင်းအထဲတွင် အမျိုးသား ၃၀၃၃ ယောက်၊ အမျိုးသမီး ၃၂၆၄ ယောက်နန့် အချေ ၃၉၂၉ ယောက်ဖြစ်သည်ဟု ဆိုသည်။
စစ်ဖီးယှောင်များအနက် လူဦးရေ ၂၆၄၃ ယောက်သည် စစ်ဖီးယှောင်စခန်းတွင်နီထိုင်ပြီး လူဦးရေ ၇၅၈၃ ယောက်မှာ စခန်းပြင်ပ တွင် နီထိုင်ကတ်သူများဖြစ်သည်။
ယင်းအပြင် ကျန်ဖိုင်းခရိုင်အတွင်းဟိ စစ်ဖီးယှောင်များအနက် ၉၄၈၈ ယောက်ကို ဒုက္ခသည် အသိမှတ်ပြုကဒ် (Temporary ID) များထုတ်ပီးထားပြီး ကျန်စစ်ဖီးယှောင် ၇၃၈ ယောက်အတွက်လေ့ ဆောင်ရွက်ပီးနီကြောင်း သိရသည်။
လက်ဟိတွင် အိန္ဒိယနိုင်ငံဟိ၊ မီဇိုရမ်ပြည်နယ်တခုလုံးတွင် မြစ်မာစစ်ဖီးယှောင် ၃ သောင်းကျော်ဟိကြောင်း မီဇိုရမ်ပြည်နယ် အစိုးရန့် India For Myanmar အဖွဲ့က ထုတ်ပြန်ထားသည်။
Adventist Development and Relief Agency အဖွဲ့သည် ကမ္ဘာတဝန်းလုံးဟိ အကူအညီလိုအပ်နီသူများအတွက် ပညာရီး၊ အသက်မွှီးဝမ်းကျောင်း၊ ကျန်းမာရီး၊ အရေးပေါ်တုံ့ပြန်ရီး၊ ကာကွယ်ရီးစသည့် လူမှုပရဟိတအလုပ်များကို ဆောင်ရွက်နီသည့်အဖွဲ့ဖြစ်ပြီး အိန္ဒိယနိုင်ငံတွင် ၁၉၉၂ ခုနှစ်တွင်အိန္ဒိယ၌ အခြီချခခြင်းဖြစ်ကာ လက်ဟိတွင် ကမ္ဘာ့နိုင်ငံပေါင်း ၁၃၈ နိုင်ငံအတွင်း လူမှုကူညီကယ်ရီးလုပ်ငန်းများကို ဆောင်ရွက်နီကြောင်း သိဟိရသည်။
Photo – Vanglaini
