
APM ၊ မာ့ချ် ၂၃ / ၂၀၂၃
စစ်ကောင်စီအပေါ် ဒဏ်ခတ်အရေးယူမှုများ ထပ်မံချမှတ်လားမည်ဟု အမေရိကန် နိုင်ငံခြားရီးဌာန၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒဲရက်ခ်ချိုလက်(Derek Chollet) က မာ့ချ် ၂၂ ရက်နိတွင် ပြောကြားလိုက်သည်။
မြန်မာအရေးဆွေးနွေးရန် အင်ဒိုနီးသျှားနိုင်ငံ၊ ဂျာကာတာမြို့တွင်ရောက်ဟိနီစဥ် ဒဲရက်ခ်ချိုလက်က သတင်းထောက်များအား ယင်းသို့ပြောကြားခခြင်းဖြစ်ပြီး ဒေဂုချမှတ်မည့်ဒဏ်ခတ်အရေးယူမှုများက စစ်ကောင်စီကို လက်နက်များဝယ်ယူရန် ဝင်ငွေ နည်းလားစီမည်ဖြစ်ကြောင်း၊ အမေရိကန်အနီနန့် စစ်ကောင်စီ၏ လက်နက်များ ဝယ်ယူနိုင်ရန် ဝင်ငွေရနီသည့် လမ်းကြောင်းများကို ပိတ်ဆို့အရေးယူနိုင်ရန် အဟိန်မြှင့်လုပ်ဆောင်နီကြောင်း ပြောကြားသည်။
လက်ဟိတွင်လေ့ အမေရိကန်အပါအဝင် အနောက်နိုင်ငံများသည် စစ်ကောင်စီထိပ်ပိုင်းဂေါင်းဆောင်များနန့် စစ်ဖက်ဆိုင်ရာ ကုမ္ပဏီများကို ပစ်မှတ်ထားပိတ်ဆို့အရေးယူမှုများ ချမှတ်ထားပြီး ယင်းအထဲတွင် လူပုဂ္ဂိုလ် ၈၀ နန့် အဖွဲ့အစည်း ၃၂ ခုကို ပိတ်ဆို့အရေးယူထားသည်ဟု သူကဆိုသည်။
ယင်းအပြင် ဒဲရက်ခ်ချိုလက်က မြန်မာပြည်သည် အရှိတောင်အာသျှတွင် Failed State ဟုခေါ်သည့် ကျယှုံးနိုင်ငံဖက်ကို ဦးတည်လာနီကြောင်း ဖြည့်သွင်းပြောကြားလားကာ၊ အာဆီယံအနီနန့် အဆင့်မြင့် အစည်းအဝေးတိုင်းတွင် စစ်ကောင်စီကိုယ်စားလှယ်ကို တက်ရောက်ခွင့်မပြုဘဲ နိုင်ငံရီးကိုယ်စားပြုမှုမှ ဖယ်ထုတ်ထားရန် တောင်းဆိုခသည်။
မြန်မာ့အရေးအပါအဝင် ဒေသတွင်းနန့် နိုင်ငံတကာဆက်ဆံရီးကိစ္စရပ်များကို သက်ဆိုင်ရာဂေါင်းဆောင်များနန့် ဆွေးနွေးရန် အမေရိကန်နိုင်ငံခြားရီးဝန်ကြီးဌာန အတိုင်ပင်ခံပုဂ္ဂိုလ် ဒဲရက်ခ်ချိုလက်ဦးဆောင်သည့် အမေရိကန် ကိုယ်စားလှယ်အဖွဲ့သည် အင်ဒိုနီးသျှားနန့် ထိုင်းနိုင်ငံသို့ မာ့ချ် ၂၀ရက်နိက ၂၄ ရက်နိအထိ လာရောက်နီခြင်း ဖြစ်သည်။
အင်ဒိုနီးသျှားခရီးစဉ်အတွင်း ဒဲရက်ခ်ချိုလက်သည် အင်ဒိုနီးသျှားနိုင်ငံခြားရီးဝန်ကြီး ရက်နိုမာဆူဒီ(Retno Marsudi) နန့် တွိဆုံကာ မြန်မာပြည်မှ ဒီမိုကရေစီလိုလားသည့် စစ်ကောင်စီအတိုက်အခံများ၏ စွမ်းဆောင်ရည်ကို တည်ဆောက်ရာတွင် ဆက်လက်ပူးပေါင်းဆောင်ရွက်လားမည့် နည်းလမ်းများကိုလေ့ ဆွေးနွေးခကတ်ကြောင်း သိဟိရသည်။
Source – Sanctions against Myanmar to continue: US official
Photo – ANTARA News
