
APM ၊ ဖေဖော်ဝါရီ ၂၃ / ၂၀၂၃
မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ ၁၇(၁) နန့် တရားစွဲခံထားရသည့် ဘူးသီးတောင်မြို့နယ်မှ အုပ်ချုပ်ရီးမှူး ၂ ယောက်အမှုကို အေနိ့ (ဖေဖော်ဝါရီ ၂၃ရက်နိ) မိုးထ ၁၀ နာရီခန့်တွင် ဘူးသီးတောင်မြို့နယ်တရားရုံး၌ ရုံးထုတ်ခကေလေ့ မစစ်ဆီးခပဲ ရုံးချိန်းထပ်ရွှိလိုက်ကြောင်း သိရသည်။
ယင်းအုပ်ချုပ်ရီးမှူးနှစ်ယောက်မှာ ဘူးသီးတောင်မြို့နယ် တပ်မင်းချောင်းရွာ အုပ်ချုပ်ရီးမှူး ဦးဦးကျော်လှ နန့် မီးကျောင်းစျီးရွာ အုပ်ချုပ်ရီးမှူးဦးဟာမတ်တူဆောင်းရို့ဖြစ်ကတ်သည်။
ယင်းအုပ်ချုပ်ရီးမူး နှစ်ဦးကို ဒေနိ မိုးထ ၁၀ နာရီခန့်တွင် တပြိုင်တည်း ရုံးထုပ်ခပြီး လိုပြသက်သီများ ရုံးချိန်းလာရောက်ကေလေ့ ဥပဒေအရာဟိ ခရီးလွန်နီသည်ဟုဆိုကာ ဦးဟာမတ်တူဆောင်းကို လာမည့် မာ့ချ် ၈ ရက်နိနန့် ဦးဦးကျော်လှကိုမာ့ချ် ၉ ရက်နိသို့ ရုံးချိန်းအသီးသီးရွှိဆိုင်းလိုက်ကြောင်း မိသားစုဝင်များက ပြောသည်။
ပြီးခရေ ၂၀၂၂ ခုနှစ် စပ်တမ်ဘာ ၃ ရက်နိက ဘူးသီးတောင်အခြီစိုက် မြန်မာစစ်တပ် ခလရ (၂၃၄) တပ်ရင်းမှ ဘူသီးတောင်မြို့နယ်ဟိ အုပ်ချုပ်ရီးမှူး ၁၂ ယောက်အားတွိဆုံရန် ခေါ်ယူခပြီးနောက် ယင်းအထဲမှ တပ်မင်းချောင်းရွာ အုပ်ချုပ်ရီးမှူး ဦးဦးကျော်လှ နန့် မီးကျောင်းစျီးအုပ်ချုပ်ရီးမှူး ဦးဟာမတ်တူဆောင်း ရို့နှစ်ယောက်ကို ပြန်မလွှတ်ဘဲ ဖမ်းထားလိုက်ခြင်းဖြစ် သည်။
ယင်းနောက် ရက္ခိုင့်တပ်တော် AA နန့် ဆက်စပ်သည်ဟု စွပ်စွဲကာ အုပ်ချုပ်ရီးမှူးနှစ်ယောက်စလုံးအား ပုဒ်မ ၁၇(၁) နန့် တရားစွဲဆိုခြင်းဖြစ်သည်။
လက်ဟိတွင် ယင်းအုပ်ချုပ်ရီးမှူး နှစ်ယောက်စလုံးကို ဘူးသီးတောင်အကျဉ်းထောင်၊ ထောင်ချုပ်၌ ထိန်းသိမ်းချုပ်နှောင်ထားကြောင်း သိဟိရသည်။
