
APM ၊ ဖေဖော်ဝါရီ ၂၃ / ၂၀၂၃
မြန်မာနိုင်ငံကူးလက်မှတ်(ပတ်စ်ပို့)များကို နက်ဖြန် (ဖေဖော်ဝါရီလ ၂၄ ရက်နိ)မှစ၍ အွန်လိုင်းဘိုကင်စနစ်နန့် မိမိကိုယ်တိုင် လျှောက်ထားနိုင်ကြောင်း စစ်ကောင်စီ၏ နိုင်ငံကူးလက်မှတ်ထုတ်ပီးရီအဖွဲ့က ထုတ်ပြန်သည်။
နိုင်ငံကူးလက်မှတ်များကို www.passport.gov.mm ဝက်ဘ်ဆိုဒ်တွင် အွန်လိုင်းဘိုကင်စနစ်သစ်နန့် ကိုယ်တိုင် လျှောက် ထားနိုင်ပြီး၊ ယင်းအွန်လိုင်းဘိုကင်စနစ်ကို ရန်ကုန်မြို့ဟိ မြန်မာနိုင်ငံ ကူးလက်မှတ်ထုတ်ပီးရီးရုံး တခုတည်းတွင် ကျင့်သုံးမည်ဖြစ်ပြီး ကျန်သည့် ဒေသများဟိ ရုံးခွဲများတွင် ယခင်လျှောက် ထားမှုပုံစံ အတိုင်း ပြုလုပ်ပီး လားမည်ဟု ဆိုသည်။
အွန်လိုင်းဘိုကင်ရယူရာတွင် အချိန်အကန့်အသတ်မဟိဘဲ လျှောက်ထားနိုင်ပြီး၊ ကုန်ကျစရိတ်ကို သတ်မှတ်နှုန်းထားအတိုင်း တပါတည်း ပီးချေရမည်ဖြစ်ကြောင်း၊ အွန်လိုင်းဘိုကင် လျှောက်ထားရန် အခက်အခဲဟိသူများအနီနန့် သက်ဆိုင်ရာ မြို့မရဲစခန်းများတွင် အကူအညီယူ၍ လျှောက်ထားနိုင်ကြောင်းလေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။
အွန်လိုင်းဘိုကင်စနစ်နန့် ပတ်စ်ပို့လျှောက်ရာတွင် မည်သူမဆို လွယ်ကူစွာ လျှောက်ထားနိုင်ရန် စီစဉ်ထားပြီး ကြားခံပွဲစားများနန့် အခကြေးငွေပီးဆောင်၍ လျှောက်ထားခြင်းမပြုလုပ်ရန်လေ့ အသိပီးထားသည်။
အွန်လိုင်းဘိုကင်စနစ်နန့် ရက်ချိန်းရယူရာတွင် နိုင်ငံကူးလက်မှတ်လျှောက်ထားခ ၃၅၀၀၀ ကိုအွန်လိုင်းငွေပီး ချေမှုစနစ်နန့်
ပီးချေရမည်ဖြစ်သည်ဟု ဆိုသည်။
မြန်မာပြည်တဝန်းလုံးဟိ ပတ်စ်ပို့ထုတ်ပီးသည့်ရုံးများကို ကုန်ခသည့် ၂၀၂၂ခုနှစ်၊ ဒီဇမ်ဘာ ၅ ရက်နိမှစ၍ ယာယီပိတ်သိမ်းခခြင်းဖြစ်ပြီး ၃ လနီးပါးအကြာတွင် ပြန်လည်ဖွင့်လှစ်လာခြင်းဖြစ်သည်
