
APM ၊ ဖေဖော်ဝါရီ ၂၃ / ၂၀၂၃
ရက္ခိုင်ပြည် မြို့နယ်တချို့တွင် သောက်သုံးရီကန်များ ပြီးခသည့်နှစ်ကထက် ပို၍ အယင်ခမ်းခြောက်လားသည့် အတွက် ဒေသခံများမှာ သောက်သုံးရီယှားပါးသည့် ပြဿနာနန့် ရင်ဆိုင်နီကတ်ရကြောင်း သိရသည်။
ကျောက်တော်၊ ပေါက်တော၊ မင်းပြား၊ ပုဏ္ဏားကျွန်း နန့် စစ်တွေမြို့နယ်ရို့မှာ သောက်သုံးရီကန်များ အယင်နှစ်ကထက် ပိုလို့အယင် ခမ်းခြောက်လားခြင်းဖြစ်သည်။
ယင်းအပြင် ရီစကေဟိနီသိမ့်သော သောက်ရီကန်များမှာလေ့ ရီနှောက်နီကာ သုံးမရဖြစ်နီ၍ သောက်သုံးရီယှားပါးသည့် ပြဿနာနန့် ရင်ဆိုင်နီရကြောင်း ဒေသခံများကပြောသည်။
ယင်းသို့ သောက်သုံးရီကန်များ ခမ်းခြောက်လား၍ တချို့ရွာများတွင် ရီရသည့် နီရာများသို့ ခြီကျင်လားရောက်ကာ ပင်ပင်ပန်းပန်းခက်ခက်ခဲခဲ လားရောက်ခပ်ယူအသုံးပြုနီကတ်ရသည်ဟု ဆိုသည်။
ယင်းသောက်သုံးရီယှားပါးသည့် ပြဿနာကို စစ်ဖီးယှောင်စခန်းများ၌လေ့ ရင်ဆိုင်နီကတ်ရပြီး စစ်ဖီးယှောင်များအတွက် သောက်သုံးရီများ ကူညီထောက်ပံ့ရန် အလှူသျှင်များလေ့ လိုအပ်နီကြောင်း သိရသည်။
ရက္ခိုင်ပြည်ဟိ သောက်သုံးရီကန်အများစုမှာ မိုးရီကို အဓိကထား သိုလှောင်ရသည့် ကန်များဖြစ်၍ ပြီးခသည့်နှစ်က မိုးရွာသွန်းမှုနည်းပါးခမှုကြောင့် ဒေနှစ်မှာ နွေရာသီမရောက်ခင် သောက်သုံးရီကန်များ ခမ်းခြောက်လားခြင်းဖြစ်ကြောင်း သိရသည်။
