APM ၊ ဖေဖော်ဝါရီ ၂၃ / ၂၀၂၃
ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ် စစ်ဖီးယှောင်စခန်းတွင် အကူအညီများ လာရောက်နည်းပါးနီ၍ ဆန်အပါအဝင် အခြေခံစားနက်ရိက္ခာများ အရေးပေါ်အကူအညီလိုအပ်နီကြောင်းသိရပါသည်။
ယင်းစစ်ဖီးယှောင်စခန်းတွင် ခိုလှုံနီကတ်သူအများစုမှာ ပြီးခသည့်တကျော့ပြန်တိုက်ပွဲကာလအတွင်းက နိရပ်စွန့်ခွာ တိမ်းယှောင်လာကတ်ရသည့် ကျောက်တော်နန့် ပုဏ္ဏားကျွန်းမြို့နယ်ကျေးရွာများဖြစ်သည့်ဒေးဝန်း၊ချောင်းတူ၊ကွမ်းအုံစု၊ ဘုတ္တော၊ ရွက်ညှိးတောင် စသည့်ကျေးရွာများမှ ရွာသားများဖြစ်သည်။
လက်ဟိတွင် အဆိုပါစစ်ဖီးယှောင်စခန်းသို့ နိုင်ငံတကာအဖွဲ့အစည်းများ၊ NGO၊ INGO များနန့် ပြည်တွင်း/ပြည်ပ အရပ်ဖက်လူမှုကယ်ဆယ်ရီးအဖွဲ့အစည်းများလာရောက်လှူဒါန်းမှုနည်းပါးသည့်အတွက် စခန်းဟိ စစ်ဖီးယှောင်များမှာ တရက်တာစားနက်ရိက္ခာကို ခက်ခက်ခဲခဲရှာဖွီစားသောက်နီကတ်ရကြောင်း စစ်ဖီးယှောင်များက ပြောသည်။
ယင်းအပြင် တချို့မိသားစုဝင်များသည့် စစ်ဖီးယှောင်များတွင် တရက်စားဖို့ရှာမရဘဲ မလောက်မငှနန့် ဖြစ်တေပိုင် စားသောက်နီကတ်ရကာ တချို့ဆိုလျှင် ထမင်းနပ်မမှန်သူများပင် ဟိသည်ဟု ဆိုသည်။
ယင်းယိုးတရုတ် စစ်ဖီးယှောင်စခန်းတွင် အိမ်ထောင်စု ၁၅၉ စုနန့် လူဦးရေ ၆၂၇ ယောက်ခိုလှုံလျက်ဟိကြောင်း သိဟိရပါသည်။