APM ၊ ဖေဖော်ဝါရီ ၂၃ / ၂၀၂၃
စစ်ကိုင်းတိုင်းဟိ ရွှေဘို၊ ဝက်လက်နန့် အရာတော်မြို့နယ်များအား စစ်အုပ်ချုပ်ရီးနယ်မြီအဖြစ် ဖေဖော်ဝါရီ ၂၂ ရက် နိတွင် စစ်ကောင်စီမှ ထပ်မံကြေညာလိုက်သည်။
ဖွဲ့စည်းပုံအခြီခံဥပဒေပုဒ်မ ၄၁၉ အရ အနောက်မြောက်တိုင်းစစ်ဌာနချုပ်နယ်မြီဖြစ်သည့် ရွှေဘိုမြို့နယ်၊ ဝက်လက်မြို့နယ်နန့် အရာတော်မြို့နယ်များ၏ အုပ်ချုပ်ရီးနန့်တရားစီရင်ရီးကဏ္ဍများတွင် စစ်အုပ်ချုပ်ရီး (Martial Law) အာဏာကိုကျင့်သုံးရန် အမိန့်အမှတ် ၈/၂၀၂၃ ထုတ်ပြန်ကာ အနောက်မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူးအား အပ်နှင်းလိုက်သည်ဟု ဆိုသည်။
ထုတ်ပြန်ချက်အရ တိုင်းမှူးသည် ပြောင်းလဲဖြစ်ပေါ်လျက်ဟိသော အခြေအနေအရပ်ရပ်အပေါ်မူတည်၍ မိမိကိုယ်တိုင်သော်လည်းကောင်း၊ စစ်နယ်မြီမှူးများကို တာဝန်လွှဲအပ်၍သော်လည်းကောင်း စစ်အုပ်ချုပ်ရီး (Martial Law) အာဏာကို ကျင့်သုံးနိုင်သည်ဟု ဆိုသည်။
စစ်ကောင်စီသည် ဖေဖော်ဝါရီ ၂ ရက်နိတွင် စစ်ကိုင်းဟိ မြို့နယ် ၁၁ ခု၊ ချင်းပြည်တွင် ၇ မြို့နယ်၊ မကွေးတွင် ၅ မြို့နယ်၊ ပဲခူးတွင် ၅ မြို့နယ်၊ ကရင်ပြည်တွင် ၂ မြို့နယ်၊ မွန်ပြည်တွင် ၁ မြို့နယ်၊ ကယားပြည်တွင် ၄ မြို့နယ် နန့် တနင်္သာရီတွင် ၂ မြို့နယ် စုစုပေါင်းမြို့နယ် ၃၇ ခုတွင် စစ်အုပ်ချုပ်ရီးထုတ်ပြန်ထားခသိမ့်သည်။
ယင်းကြောင့် လက်ဟိတွင် စစ်အုပ်ချုပ်ရီးကြေညာထားသည့် မြို့နယ်စုစုပေါင်း ၄၀ အထိဟိလာပြီး စစ်ကိုင်းတိုင်းတခုတည်းတွင် စစ်အုပ်ရီးကြေညာထားသည့် မြိုနယ် ၁၄ ခုအထိ ဟိလာကြောင်း သိဟိရသည်။