APM ၊ ဒီဇမ်ဘာ ၂၃ / ၂၀၂၃
ရက္ခိုင့်တပ်တော် AA က သိမ်းယူလားရေ စစ်ကောင်စီ၏ ထောက်ပို့ဘုတ်တစီးကို ပြန်မတောင်းပီးလို့ဟိကေ ရသေ့တောင် တမြို့လုံးကို လက်နက်ကြီးပစ်ဖို့၊ မီးတိုက်ပစ်ဖို့လို့ စစ်ကောင်စီက မြို့ခံတိကို လိုက်လံ ခြိမ်းခြောက်နီရေလို့ သတင်းရဟိပါ ရေ။
ဒီဇမ်ဘာ ၂၂ ရက်နိ၊ နိခင်းက ရသေ့တောင်မြို့၊ သင်္ဘော ဆိပ်မာ စစ်ကောင်စီ၏ ရိက္ခာပစ္စည်းတိနန့် စစ်အသုံးအဆောင် ပစ္စည်းတိတင်ဆောင် လာရေ ဘုတ်တစီးကို ရက္ခိုင့်တပ်တော် AA သိမ်းယူလားခရေနောက်ပိုင်းမာ ရသေ့တောင်အခြီစိုက် စစ်ကောင်စီတပ်စခန်းတိနန့် ဌာနဆိုင်ရာဝန်းထမ်းတိက ရသေ့တောင်မြို့ခံတိကို အဂုပိုင် လိုက်လံ ခြိမ်းခြောက်နီစွာဖြစ်ပါရေ။
ရသေ့တောင်မြို့ခံတယောက်က “စကစ တပ်ရိက္ခာတိကို သယ်ယူစွာနန့်စစ်ရီးတိမာအသုံးပြုနီရေဘုတ်တစီးကို AA က သိမ်းယူလားခစွာပါ။ ယင်းချင့်ကို ပြန်တောင်းပီးရဖို့၊ မတောင်းပီးကေ တမြို့လုံး လက်နက် ကြီးနန့်ပစ်ဖို့လတ်။မီးတိုက်ပစ်ဖို့လတ်။ AA ကသိမ်းလားရေကိစ္စကို ကျနော်ရို့လည်းမသိ။ယေပြီးကေ သူရို့လက်နက်ကိုင်တိအချင်း ချင်း ဖြစ်တေကိစ္စ၊ကျနော်ရို့နန့် ဇာဆိုလေ။ ကျနော်ရို့က ဇာပိုင်တောင်းပီးရဖို့။တောင်းချင်ကေ ကိုယ့်ဘာသာကိုယ်လားလို့ တောင်းနန့်ရာ။ နှက်ချင်ကေလေ့ လက်နက်ကိုင် အချင်းချင်းနှက်ကတ်။ AA ကိုကျကေ ချထွက်သထွက်ကြောက်တေ။ တခုလေ့မဆိုင်ရေ လက်နက်မဲ့ပြည်သူတိကိုကျခါ သက်သက်မဲ့ ခြိမ်းခြောက် အနိုင်ကျင့်နီစွာပါ” လို့ ဆိုပါရေ။
ယင်းပိုင် စစ်ကောင်စီက ခြိမ်းခြောက်နီလို့ ရသေ့တောင်မြို့ခံတိအကြားမာ စိုးရိမ်မှုတိမြင့်တက်နီကတ်ပြီးကေ တချို့ တိမ်းယှောင်သူတိလည်း ဟိနီရေလို့ သိရပါရေ။
အကြမ်းဖက်စစ်ကောင်စီစွာ ရက္ခိုင့်တပ်တော်AA နန့် တကျော့ပြန်တိုက်ပွဲကာလအတွင်း စစ်ရီးအရ အဖက်ဆယ်မရအောင် ယှုံးနိမ့်နီရေအတွက် ယှုံးမဲမဲပနာပြည်သူလူထုတိကိုရာ အဓိက ဦးတည်ပြီးကေ အကြမ်းဖက်တိုက်ခိုက်မှုတိကို ရည်ရွယ်ချက် ဟိဟိ နိစဉ်ရက်ဆက် ဆက်တိုက်ကျူးလွန်လို့ ဟိနီပါရေ။