APM ၊ ဒီဇမ်ဘာ ၂၃ / ၂၀၂၂
ထိုင်းအစိုးရမှ ကမကထ ပြုလုပ်သည့် မြန်မာ့အရေး အလွတ်သဘောဆွေးနွေးပွဲတရပ်ကို ထိုင်းနိုင်ငံ၊ ဘန်ကောက် မြို့၌ ဒီဇမ်ဘာ ၂၂ ရက်နိက ကျင်းပပြုလုပ်ခရာ စစ်ကောင်စီကိုယ်စားလှယ်များ နန့် အာဆီယံအဖွဲ့ဝင် နိုင်ငံတချို့မှ ကိုယ်စားလှယ်များ တက်ရောက်ခကြောင်း သတင်းရဟိသည်။
ထိုင်းနိုင်ငံခြားရီးဝန်ကြီးဒွန်ပရာမွန်းဝီနိုင်း၏ ဖိတ်ကြားချက်အရ ဆွေးနွေးပွဲသို့ စစ်ကောင်စီ၏ နိုင်ငံခြားရီးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ အပြည်ပြည်ဆိုင်ရာဆက်ဆံရီးဝန်ကြီး ဦးကိုကိုလှိုင်နန့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက် ရီးဝန်ကြီး ဦးကံဇော်ရို့ တက်ရောက်ခသည်။
အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား နိုင်ငံခြားရီးဝန်ကြီး ပရပ်ဆုတ်ခွန်း၊ လာအို နိုင်ငံခြားရီးဝန်ကြီး ဆလုံးဆေးကိုမာဆစ် နန့် ဗီယက်နမ် နိုင်ငံခြားရီးဝန်ကြီးဌာန ဒု-ဝန်ကြီး ဒိုဟုန်ဗီယက်ရို့လေ့ ဆွေးနွေးပွဲသို့ တက် ရောက်ခကတ်သည်။
ဆွေးနွေးပွဲသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံတချို့ဖြစ်သော စင်ကာပူ၊ မလေးသျှား၊ အင်ဒိုနီးသျှားနန့် ဖိလစ်ပိုင်နိုင်ငံရို့မှ ကိုယ်စားလှယ်များ မတက်ရောက်ဟု သိရသည်။
ဆွေးနွေးပွဲတွင် လူသားချင်းစာနာမှုဆိုင်ရာအကူအညီများနန့် အာဆီယံဘုံသဘောတူညီချက်(၅)ရပ် အကောင် အထည် ဖော်နိုင်ရီး နည်းလမ်းများကို ဆွေးနွေးခကတ်ကြောင်း ထိုင်းမီဒီယာများမှ ဖော်ပြသည်။
ဆွေးနွေးပွဲ၌ စစ်ကောင်စီ ကိုယ်စားလှယ်များက အာဆီယံ ဘုံသဘောတူညီချက် (၅) ရပ်နန့်ပတ်သက်၍ ပူးပေါင်း ဆောင်ရွက်မှုများ၊ ဘုံသဘောတူညီချက်များကို အကောင်အထည်ဖော်ခြင်းနန့် ပတ်သက်၍ အာဆီယံဂေါင်းဆောင် များ၏ “သုံးသပ်ချက်နန့်ဆုံးဖြတ်ချက်”အပေါ် မြန်မာပြည်၏ ရပ်တည်ချက်နန့် မြန်မာပြည်၏ အခြေအနေများကို ယှင်းလင်းပြောကြားခကြောင်း စစ်ကောင်စီမှ ထုတ်ပြန်ထားသည်။
ကုလသမဂ္ဂလုံခြုံရီးကောင်စီက မြန်မာ့အရေးနန့်ပတ်သက်၍ “အကြမ်းဖက်မှုပုံစံ အားလုံးကို ချက်ချင်း အဆုံးသတ် ရန်နန့်နိုင်ငံရီးအကျဉ်းသားများ အားလုံး လွှတ်ပီးရန်”ဆုံးဖြတ်ချက်အား အတည်ပြုချမှတ်ပြီးနောက် တရက်အကြာ တွင် ဒေဆွေးနွေးပွဲကို ကျင်းပခခြင်းဖြစ်သည်။
photo- Global New Light Of Myanmar