APM ၊ ဒီဇမ်ဘာ ၂၃/ ၂၀၂၂
ပြီးခသည့် ဒီဇမ်ဘာ ၂၁ ရက်နိက ကုလသမဂ္ဂလုံခြုံရီးကောင်စီမှ ချမှတ်ခသည့် မြန်မာ့အရေးဆုံးဖြတ်ချက်တွင် “စစ်ကောင်စီကျူးလွန်ထားသည့် ရာဇဝတ်မှုများကို အရေးယူမည့်အကြောင်း မပါဝင်”ဟု မြန်မာပြည်ဆိုင်ရာ ကုလ အထူးကိုယ်စားလှယ် သောမတ်စ်အန်ဒရူးစ်က ပြစ်တင်ဝေဖန်လိုက်သည်။
“လုံခြုံရီးကောင်စီ၏ဆုံးဖြတ်ချက်၌ မြန်မာပြည်မှ အကြမ်းဖက်မှုအမျိုးမျိုးကိုချက်ချင်းရပ်တန့်ရန်၊ နိုင်ငံရီး အကျဉ်း သားအားလုံးကိုပြန်လွှတ်ပီးရန်နန့်လူသားချင်းစာနာမှုအကူအညီများအကန့်အသတ်မဟိပီးခွင့်ရရန် စသည့် အချက် များပါဝင်သော်လေ့ ယင်းအချက်များကို စစ်ကောင်စီ မလိုက်နာလျှင် မည်သို့အရေးယူမည့်အကြောင်း၊ စစ်ကောင်စီ ကျူးလွန်ထားသည့် ရာဇဝတ်မှုများကို အရေးယူမည့်အကြောင်းမပါဝင်”ဟု ဒီဇမ်ဘာ ၂၂ ရက်နိတွင် သောမတ်စ်အန် ဒရူးစ်က ဝေဖန်သည်။
ထို့ကြောင့် “မြန်မာ့ပဋိပက္ခများကို ရပ်တန့်စီမည့် ဆောင်ရွက်ချက်များကို လုံခြုံရီးကောင်စီမှ အရေးယူမှုလုပ်ရန် မဟိသည်မှာ ထင်ရှားပေါ်လွင်နီကြောင်း” သောမတ်စ်အန်ဒရူးစ်က အပြစ်ဆိုသည်။
လုံခြုံရီးကောင်စီ၌ ဗြိတိန်၏ “မြန်မာ့အရေးအဆိုပြုချက်မူကြမ်း”အား မဲခွဲဆုံးဖြတ်နိုင်ခြင်းမှာ အသိအမှတ်ပြုစရာ ဖြစ်ပါသော်လေ့ မြန်မာပြည်မှ အကြမ်းဖက်မှုများကို ရပ်တန့်ရန် မလုံလောက်ကြောင်း၊ ကုလအဖွဲ့ဝင် နိုင်ငံများ အနီနန့် ခိုင်မာသည့်ပူးပေါင်းဆောင်ရွက်မှု မဟိလျှင် လုံခြုံရီးကောင်စီ၏ ဆုံးဖြတ်ချက်သည် မြန်မာပြည်၏ အကြမ်း ဖက်မှုများအား ပို၍ပင်ဆိုးဝါးလားနိုင်သည်ဟု ကုလအထူးကိုယ်စားလှယ်က ထောက်ပြသည်။
ယင်းအပြင်လက်တွိလိုအပ်နီသည်ကစီးပွားရီးပိတ်ဆို့မှုများ၊စစ်ရီးအသုံးစရိတ်ဝင်ငွေဖြတ်တောက်မှုများ၊ နည်းပညာ နန့် လက်နက်များ ဝယ်ယူ၍မရအောင် ပိတ်ဆို့တားဆီးခြင်းများကို ဆောင်ရွက်ရမည်ဟု မြန်မာပြည်ဆိုင်ရာ ကုလ အထူးကိုယ်စားလှယ် သောမတ်စ်အန်ဒရူးစ်က ကုလသမဂ္ဂလုံခြုံရီးကောင်စီကို လမ်းညွှန် တိုက်တွန်းထားသည်။
Photo – VOA