APM ၊ ဒီဇမ်ဘာ ၂၃ / ၂၀၂၂
ရုသျှသို့ လက်နက်ခဲယမ်းများထောက်ပံ့ပီးကြောင်းမီဒီယာများဖော်ပြချက်ကို မြောက်ကိုရီးယားနိုင်ငံခြားရီး ဝန်ကြီး ဌာနမှ ဒီဇမ်ဘာ ၂၃ ရက်နိတွင် ငြင်းဆိုလိုက်သည်။
အမေရိကန်မှယူကရိန်းသို့ “အန္တရာယ်များသည့်လက်နက်များ ပံ့ပိုးကူညီနီခြင်းအား ရှုံ့ချကြောင်း”လေ့ မြောက်ကိုရီး ယား အစိုးရပိုင် သတင်းဌာန KCNA က ဖော်ပြလိုက်သည်။
ဂျပန်သတင်းဌာနတခု ဖြစ်သည့်“တိုကျိုသျှင်ဘွန်း”က “နိုဗမ်ဘာလအတွင်း၌ မြောက်ကိုရီးယားသည် အမြောက် ကျည်များအပါအဝင် လက်နက်ခဲယမ်း အများအပြားကို ရုသျှသို့ တင်ပို့ခသည်”ဟု ဖော်ပြချက်အပေါ် မြောက်ကိုရီး ယားမှ ယင်းသို့ တုံပြန်လိုက်ခြင်းဖြစ်သည်။
ယင်းအပြင် ဒီဇမ်ဘာ ၂၁ ရက်နိက ယူကရိန်းသမ္မတ ဇယ်လန်းစကီး နန့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ရို့ တွိဆုံရာ၌ အမေရိကန်ဖက်မှ ယူကရိန်းသို့ Patriot Missile ဒုံးကျည်များ အပါအဝင် လုံခြုံရီးအကူအညီသစ် ၁.၈၅ ဘီလီယံ ပံ့ပိုးခသည်ကိုလေ့ မြောက်ကိုရီးယားအနီနန့် ရှုံ့ချသည်။
အလားတူ မြောက်ကိုရီးယား၏ တိုက်ချင်းပစ်ဒုံးကျည်ပစ်လွှတ်မှုနန့် ပတ်သက်၍ ကုလသမဂ္ဂ လုံခြုံရီးကောင်စီမှ ကြေညာချက်ထုတ်ရန် အမေရိကန်ပြည်ထောင်စု၏ မဖွယ်မရာ ကြိုးပမ်းချက်ကိုလေ့ မြောက်ကိုရီးယားက ရှုံ့ချ ကြောင်း တုံ့ပြန်ထားသည်။
Photo – Financial times