
APM ၊ ဒီဇမ်ဘာ ၂၃ /၂၀၂၂
ရက္ခိုင်ပြည်တကျော့ပြန်တိုက်ပွဲကာလအတွင်းက မြန်မာစစ်တပ်ဖမ်းယူလားခပြီးနောက် မတရားအသင်း ဆက် သွယ်မှုဥဒေပုဒ်မ ၁၇(၁) နန့် တရားစွဲခံထားရသည့် တောင်ကုတ်ဒေသခံတယောက်အား မြန်မာစစ်တပ်မှ ရိုက်နှက် စစ်ဆီးမှုများကြောင့် ဘယ်ဖက် နံရိုးကျိုးလား၍ ဆီးကုသမှုခံယူနီရသည်ဟု သိရသည်။
မြန်မာစစ်တပ်မှ ရိုက်နှက် စစ်ဆီးမှုများကြောင့် ဘယ်ဖက် နံရိုးကျိုးလား၍ ဆီးကုသမှုခံယူနီရသူမှာ တောင်ကုတ်မြို့ နယ်၊ ဝက်ကျိတ်အုပ်စု၊ မှိုဟင်းတောရွာမှ ဦးသန်းထွန်း (၄၅နှစ်) ဖြစ် သည်။
ဦးသန်းထွန်းကို ကုန်ခသည့် အောက်တိုဘာ ၂၈ ရက်နိက တောင်ကုတ်အခြီစိုက် မြန်မာစစ်တပ် ခမရ (၃၄၆) တပ် ရင်းမှ အရပ်ဝတ်တပ်ဖွဲ့ဝင် ၁၀ ခန့်က ဖမ်းဆီးလားခခြင်းဖြစ်ပြီး၊ နိုဗမ်ဘာ ၁၈ ရက်နိတွင် တောင်ကုတ် မြို့မရဲစခန်း သို့ လွဲပြောင်းကာ ပုဒ်မ ၁၇(၁) ဖြင့် တောင်ကုတ်မြို့နယ်တရားရုံး၌ တရားစွဲထားခြင်း ဖြစ်သည်။
မြန်မာစစ်တပ် ဖမ်းဆီးထားချိန်က ဦးသန်းထွန်းကို ခမရ (၃၄၆)တပ်ရင်းထဲ၌ ရိုက်နှက်စစ်ဆီးမှုများကြောင့် ၎င်း၏ ဘယ်ဖက်နံရိုးကျိုးလားခြင်းဖြစ်ကြောင်း မိသားစုဝင်များက ပြောသည်။
ဦးသန်းထွန်းအမှုကို နိုဗမ်ဘာ၂၂ ရက်နိ၌ ပထမဆုံးအကြိမ် ရုံးထုတ်ရာတွင် မိသားစုများနန့်တွိခွင့်ရ၍ ဆီးကုသလို ကြောင်းပြောသဖြင့် မိသားစုဝင်များက ဆီးကုသခွင့်ရရီး စခန်းမှူးအား တင်ပြရာ ဒီဇမ်ဘာ ၈ ရက်နိတွင် တကြိမ်၊ ဒီဇမ်ဘာ ၂၂ ရက်နိတွင် နောက်ထပ်တကြိမ် နှစ်ကြိမ် ဆီးခန်းပြသခွင့် ရခသည်။
လက်ဟိတွင် ဦးသန်းထွန်းကို တောင်ကုတ်မြို့မရဲစခန်း အချုပ်ထဲ၌ ထိန်းသိမ်းထားပြီး လာမည့် ဒီဇမ်ဘာ ၂၆ ရက်နိ သို့ ထပ်မံရုံးချိန်းထားကြောင်း သိဟိရသည်။
